ကယ်လီဖိုးနီးယား ကုန်လှောင်ရုံ ပါတီပွဲ မီးလောင်မှု သေဆုံးသူ အရေအတွက် ၃၃ ဦးအထိ မြင့်တက်လာ

ကယ်လီဖိုးနီးယား ကုန်လှောင်ရုံ ပါတီပွဲ မီးလောင်မှု သေဆုံးသူ အရေအတွက် ၃၃ ဦးအထိ မြင့်တက်လာ
(ဓာတ်ပုံ - အီးပီအေ)

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် အုတ်ကလန်မြို့မှာ သောကြာနေ့ ညနှောင်းပိုင်းက ဖြစ်ပွားခဲ့တဲ့ ကုန်လှောင်ရုံတစ်ခုအတွင်း ပါတီပွဲကျင်းပစဉ် မီးလောင်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၃၃ ဦးအထိ မြင့်တက်လာခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြုပါတယ်။

သောကြာညနှောင်းပိုင်းက မီးလောင်မှုဖြစ်ခဲ့တဲ့ နှစ်ထပ် ကုန်လှောင်ရုံ အဆောက်အအုံရဲ့ ၃၀ ရာခိုင်နှုန်းကို တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး သေဆုံးသူ အရေအတွက် မြင့်တက်ဖို့ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ မီးလောင်မှုဖြစ်ရတဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့ ဆိုပါတယ်။

သေဆုံးမှုအများစုဟာ အဆောက်အဦးရဲ့ ဒုတိယထပ်မှာ တပ်ဆင်ထားတဲ့ ယာယီသုံးလှေကားပေါ်မှာ ဖြစ်ကြောင်း သိရပါတယ်။

ကယ်ဆယ်ရေးနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက မီးလောင်မှုဖြစ်ခဲ့တဲ့ ကုန်လှောင်ရုံ အဆောက်အအုံအတွင်း ရှာဖွေမှုများ ဆက်လက် လုပ်ဆောင်နေပါတယ်။

မီးသတ်သမား ၅၀ ကျော်က လေးနာရီကြာမြင့်အောင် မီးငြိမ်းသတ်ခဲ့ရပြီး အဆိုပါမီးလောင်မှုမှာ အုတ်ကလန်မြို့ရဲ့ သမိုင်းမှာ အဆိုးရွားဆုံးဖြစ်တယ်လို့ သိရပါတယ်။

Ref; CNN, EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly