နာမည်ကျော် ရုပ်ရှင်မင်းသား Benedict Cumberbatch က ရှားလော့ တီဗီစီးရီးရဲ့ ထုတ်လုပ်သူ Beryl Vertue အား တစ်သက်တာအောင်မြင်မှုဆုကို ရုပ်ရှင်နှင့်တီဗီနယ်ပယ်ထဲမှအမျိုးသမီးများ ဆုပေးပွဲမှာ ပေးအပ်ခဲ့ပါတယ်။
Vertue ဟာ အရမ်းကိုအောင်မြင်မှုများပြားတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေရဲ့ ထုတ်လုပ်သူဖြစ်ကာ သူမရဲ့ အဆိုပါ နယ်ပယ်ထဲမှာ နှစ်ငါးဆယ်ကျော်ကြာအောင် ဖြည့်ဆည်းပါ၀င်ခဲ့တဲ့အားထုတ်မှုတွေကို ဂုဏ်ပြုချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ နာမည်ကျော်ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ ရှားလော့်ခ် ဇာတ်လမ်းတွဲအပြင် အခြားဇာတ် လမ်းတွဲတွေဖြစ်တဲ့ Up Pompeii ၊ Steptoe And Son၊ Men Behaving Badly တို့လည်းပါ၀င်ပါတယ်။
ရှားလော့်ခ်အဖြစ်နာမည်ကြီးသူ သရုပ်ဆောင်မင်းသား Cumberbatch ကတော့ သူမကို အဆိုပါဆုပေးအပ်ခြင်း အပေါ်မှာ တကယ့်ကိုဂုဏ်ယူရကြောင်း ပြောကြားခဲ့ပါတယ်။