အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း တောင်သူများကို မိုးဇလပညာရှင် ဦးထွန်းလွင် သတိပေး

အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း တောင်သူများကို မိုးဇလပညာရှင် ဦးထွန်းလွင် သတိပေး
၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၄ ရက်က နေပြည်တော်တွင် ရိပ်သိမ်းပြီးစပါးများသိမ်းဆည်းနေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - ရဲမင်း

ရန်ကုန်၊ ဒီဇင်ဘာ ၄ ။              ။ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေသည့် စတုတ္ထမြောက် မိုးလွန်ကာလ မုန်တိုင်းကြောင့် မြန်မာနိုင်ငံအတွင်း၌ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေ   ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က သတိပေးထားသည်။

ဒီဇင်ဘာ ၂ ရက်မှ ၈ ရက်အတွင်း ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းအနောက်မြောက်ပိုင်း၊ ပဲခူးတိုင်းမြောက်ပိုင်း၊ မကွေးတိုင်းအနောက််ပိုင်း၊ မန္တလေးတိုင်းအရှေ့တောင်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျားမှ ကျဲကျဲမိုးရွာနိုင်သောကြောင့် တောင်သူများ သတိထားရန် ဦးထွန်းလွင်က သူ၏ လူမှုကွန်ယက်တွင် ဖော်ပြထားသည်။

ထို့အပြင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှှုဦးစီးဌာနမှ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ကရင်ပြည်နယ်နှင်‌့ မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာနိုင်ပြီး၊ ကျန်တိုင်းဒေသကြီးနှင်‌့ ပြည်နယ်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly