ရှာပါကွင့်စ်အသင်း ကိုပါဆူဒါအမေရိကဖလား လက်ခံရရှိမည်

ရှာပါကွင့်စ်အသင်း ကိုပါဆူဒါအမေရိကဖလား လက်ခံရရှိမည်

ဒီဇင်ဘာ ၄၊ ဘရာဇီး။         ။ ရှာပါကွင့်စ်အသင်းအနေဖြင့် ကိုပါဆူဒါအမေရိကဖလားကို လက်ခံရရှိမည်ဖြစ်ကြောင်း အသင်းယာယီဥက္ကဋ္ဌ အိုင်ဗန်တော့ဇိုက ကြေညာခဲ့သည်။

လေယာဉ်ပျက်ကျ၍ ခရီးသည် ရ၁ ဦးကွယ်လွန်ခဲ့ရာတွင် ကစားသမား ၁၉ ဦးပါဝင်ခဲ့ရသည့် ဘရာဇီးကလပ်ရှာပါကွင့်စ်ကို ချန်ပီယံဖလားပေးအပ်မည်ဟု   တောင်အမေရိကဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများက အတည်ပြုခဲ့သည်ဟု အိုင်ဗန်တော့ဇိုက ပြောသည်။

“ကိုပါဆူဒါအမေရိကချန်ပီယံဆုဖလားကို ရှာပါကွင့်စ်အသင်းကိုပေးမယ်လို့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က အသိပေးခဲ့ပါ တယ်။

ဆုကြေး ဒေါ်လာနှစ်သန်းလည်း ရရှိမှာဖြစ်ပါတယ်။ အားလုံးအတည်ဖြစ်ပါတယ်။ ဆုဖလားလက်ခံပွဲလုပ်ဖြစ်မလားတော့ ကျွန်တော်မသိပါဘူး”ဟု အိုင်ဗန်တော့ဇိုက ဂလိုဘိုရုပ်သံသို့ ပြောသည်။

ကွယ်လွန်ခဲ့သူ ၅၀ ကျော်အတွက် စနေနေ့က အရီနာကွန်ဒါကွင်းတွင်ပြုလုပ်သော အောက်မေ့ဖွယ်အခမ်းအနားသို့ ပရိသတ် ထောင်ပေါင်းများစွာ တက်ရောက်ပြီး ကွင်းတွင်းကွင်းပြင်လေးစားမှုများပြသခဲ့ကြကာ တော့ဇိုလည်း မိန့်ခွန်းပြောကြားခဲ့သည်။

ပြိုင်ဘက်အသင်းကို ဆုဖလားနှင့်ဆုကြေးပေးအပ်ရန် ကိုလံဘီယာကလပ် အက်သလက်တီကိုနာစီယွန်နယ်အသင်းက တောင်းဆိုခဲ့မှုကို တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က   ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly