၀မ်ဘလေအားကစားကွင်း၌ နောက်ထပ်ရှိုးပွဲနှစ်ပွဲ ထည့်သွင်းဖျော်ဖြေသွားရန် အဒဲလ်မှ ကြေညာ

၀မ်ဘလေအားကစားကွင်း၌ နောက်ထပ်ရှိုးပွဲနှစ်ပွဲ ထည့်သွင်းဖျော်ဖြေသွားရန် အဒဲလ်မှ ကြေညာ

နာမည်ကျော်ပေါ့ပ်အဆိုတော် အဒဲလ်ဟာ ၀မ်ဘလေ အားကစားကွင်းထဲ၌နောက်နှစ်မှာ ဖျော်ဖြေမည့်ရှိုးပွဲ လက်မှတ်များအားလုံးရောင်းကုန်သွားပြီးနောက် နောက်ထပ်ရှိုးပွဲနှစ်ပွဲကို ထည့်သွင်းဖျော်ဖြေသွားမည် ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

အခုဆိုရင် သူမရဲ့ကမ္ဘာ့လှည့်ဖျော်ဖြေပွဲအဖြစ် ၀မ်ဘလေအားကစားကွင်းထဲ၌The Finale လို့အမည်ပေးထား သောရှိုးပွဲလေးပွဲဖျော်ဖြေမှာဖြစ်ပြီး သူမရဲ့ ပရိတ်သတ်ပေါင်း သုံးသိန်းကျော်လောက်က လာရောက်အားပေးကြ မှာဖြစ်ပါတယ်။

၂၀၁၇ ဂျွန်လ ၂၈ရက်နေ့နှင့် ဂျူလိုင်လ ၂ ရက်နေ့တို့မှာ ဖျော်ဖြေမယ့် ရှိုးပွဲအသစ်အတွက်လက်မှတ်တွေကို ဒီဇင်ဘာ ရ ရက်နေ့မှာ သူမရဲ့ ပရိတ်သတ်အဖွဲ့ဝင်တွေကို စတင်ရောင်းချပေးသွားမှာဖြစ်ပါတယ်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags