ဆန်တီယာဂိုမြို့မှာ ဖီဒယ်ကတ်စ်ထရိုအား နောက်ဆုံးအနေနဲ့ ဂါ၀ရပြုခဲ့တဲ့ လူအုပ်ကြီး

ဆန်တီယာဂိုမြို့မှာ ဖီဒယ်ကတ်စ်ထရိုအား နောက်ဆုံးအနေနဲ့ ဂါ၀ရပြုခဲ့တဲ့ လူအုပ်ကြီး

ကျူးဘားသမ္မတ ရာအူးလ်ကတ်စ်ထရိုဟာ ဆန်တီယာဂိုမြို့မှာ အစ်ကိုဖြစ်သူ ဖီဒယ်ကတ်စ်ထရိုအတွက် နောက်ဆုံး ဂုဏ်ပြုပွဲအား ဦးဆောင်တက်ရောက်ခဲ့ပါတယ်။

ဒီပွဲကို ကမ္ဘာတစ်ဝန်းကခေါင်းဆောင်တွေအပြင် ထောင်သောင်းနဲ့ချီတဲ့ ကျူးဘားပြည်သူတွေပါ တက်ရောက် ခဲ့ကြပါတယ်။

ရာအူးလ်ကတ်စ်ထရိုဟာ နိုဝင်ဘာ ၂၅ရက်နေ့က အသက်၉၀အရွယ်မှာကွယ်လွန်သွားတဲ့ ဖီဒယ်ကတ်စ်ထရိုရဲ့ ဆိုရှယ်လစ်သဘောတရားနဲ့ ရည်မှန်းချက်ပန်းတိုင်အတွက် ဦးဆောင်ခဲ့တဲ့တော်လှန်ရေးတစ်ရပ်ကို လေးစားသမှုနဲ့ ဦးညွတ်ဂုဏ်ပြုခဲ့ပါတယ်။

ကွယ်လွန်သွားပြီးဖြစ်တဲ့ ခေါင်းဆောင်ကြီး ဖီဒယ်ကတ်စ်ထရိုရဲ့ မေတ္တာရပ်ခံချက်အရ ကျူးဘားနိုင်ငံမှာ လမ်းတွေနဲ့အထိမ်းအမှတ်အဆောက်အအုံတွေအား ဖီဒယ်ရဲ့နာမည်နှင့်မှည့်ခေါ်ခြင်းကို တားမြစ်သွားမှာဖြစ် တယ်လို့ ရာအူးလ်ကတ်စ်ထရိုက ကြေညာခဲ့ပါတယ်။

“တော်လှန်ရေးခေါင်းဆောင်ကြီးဟာ ဘယ်လိုပုဂ္ဂိုလ်ရေးဆည်းကပ်ကိုးကွယ်မှုသဘောထားကိုမဆို ပြင်းပြင်း ထန်ထန် ဆန့်ကျင်ခဲ့ပါတယ်” လို့ ရာအူးလ်ကတ်စ်ထရိုကပြောခဲ့ပါတယ်။

ကျူးဘားနိုင်ငံမှာ ဖီဒယ်လ်ရဲ့ ရုပ်တုတွေနဲ့ ကိုယ်တစ်ပိုင်းပုံရုပ်လုံးတွေကို တစ်ခုမှတည်ဆောက်သွားမှာ မဟုတ်ကြောင်းကို ရာအူးလ်က ဆက်ပြောခဲ့ပါတယ်။

ဖီဒယ်လ်ရဲ့ အရိုးပြာတွေထည့်ထားတဲ့အရိုးအိုးကို ယနေ့တနင်္ဂနွေနေ့မှာ ကျူးဘားတော်လှန်ရေးမွေးဖွား ရာမြို့အဖြစ် လူသိများတဲ့ ဆန်တီယာဂိုမြို့၌ မြှုပ်နှံမှာဖြစ်ပါတယ်။

မြို့တော်ဟာဗားနားကနေ လေးရက်ကြာခရီးနှင်ခဲ့အပြီးမှာ ဖီဒယ်လ်ရဲ့အရိုးပြာဟာ ပြီးခဲ့တဲ့စနေနေ့က ဆန်တီယာဂိုမြို့ကိုရောက်ရှိလာခဲ့ပါတယ်။

ကြီးမားလှတဲ့လူအုပ်ကြီးဟာ “အဓွန့်ရှည်ပါစေ ဖီဒယ်လ်” “ကျွန်ုပ်တို့ဟာ ဖီဒယ်လ်” ပါလို့ ဖီဒယ်လ်ရဲ့ အသုဘ ယာဉ်တန်းဖြတ်သွားရာ ဆန်တီယာဂိုမြို့တစ်လျှောက်မှာ အော်ဟစ်နှုတ်ဆက်ခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags