ထိုင်းတောင်ပိုင်းတွင် ရေကြီးမှု ဆိုးဝါးနေ၊ ထောင်ပေါင်းများစွာ ရေဘေးကြံုနေရ

ထိုင်းတောင်ပိုင်းတွင် ရေကြီးမှု ဆိုးဝါးနေ၊ ထောင်ပေါင်းများစွာ ရေဘေးကြံုနေရ

ဘန်ကောက်၊ ဒီဇင်ဘာ ၃ ။            ။ ထို်င်းနိုင်ငံတောင်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးမှုများကြောင့် လူသုံးဦး ရေနစ်သေဆုံးကာ ငါးဖမ်းသမားတစ်ဦး ပျောက်ဆုံးလျက်ရှိနေပြီး   ထောင်ပေါင်းများစွာသော ပြည်သူများ ရေဘေးကြံုနေရသည်။

ဆူရတ်ဌာနီပြည်နယ်မှာ အဆိုးဆုံးဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှုများရာ ခိုစမွီကျွန်းပတ်လည် အဓိကကားလမ်းမများမှာ ရေမြင့်တက်လွှမ်းမိုးနေပြီး သွားလာ၍ မရအောင် ရှိသည်။
မိုးသည်းထန်ခြင်းကြောင့် စမွီလေဆိပ်ရှိ လေယာဉ်တစ်ချို့ ပျံသန်းမှု နှောင့်နှေးခဲ့သည်။

အခြားလူနှစ်ဦး ရေနစ်သေဆုံးသည်ဟု ဒီဇင်ဘာ ၃ ရက်တွင် သတင်းရသော်လည်း အသေးစိတ်မသိရသေးပေ။

ဆူရတ်ဌာနီတွင် အသက် ၅၅ နှစ်ရှိ တံငါသည်တစ်ဦး လှေနစ်မြုပ်ပြီး ပျောက်ဆုံးလျက်ရှိနေသည်။

ရေအမြင့်မှာ စင်တီမီတာ ၅၀ နှင့် ၁၅၀ ကြားအထိ မြင့်တက်ရောက်ရှိနေခြင်းဖြစ်ပြီး ကျေးရွာပေါင်း ၉၉ ရွာ ရေဘေးကြံုတွေ့နေရလျက်ရှိသည်။

ခရိုင် ငါးခရိုင် ရေဘေးကြံုနေသည့် ထရန်ပြည်နယ်၌ ပြည်သူ နှစ်သောင်းနီးပါး ရေဘေး ရင်ဆိုင်နေရခြင်းဖြစ်သည်။ အဆိုးဆုံးခရိုင်မှာ ရတ်ဆာဒခရိုင်ဖြစ်ပြီး ရေအနက် ၁ ဒဿမ ၅ မီတာမှ ၂ မီတာကြားတွင် ရှိသည်။

ဆယ်ငါးနှစ်အတွင်း ယင်းပြည်နယ်အနေဖြင့် အဆိုးဆုံးရေဘေးရင်ဆိုင်နေရခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly