အဖွဲ့၏ ပုံရိပ်ကို ထိခိုက်သည်ဆိုကာ ခေါင်းဖြတ်ကွပ်မျက်သည့် ဗီဒီယိုများကို အိုင်အက်စ်ခေါင်းဆောင်တားမြစ်

အဖွဲ့၏ ပုံရိပ်ကို ထိခိုက်သည်ဆိုကာ ခေါင်းဖြတ်ကွပ်မျက်သည့် ဗီဒီယိုများကို အိုင်အက်စ်ခေါင်းဆောင်တားမြစ်

အိုင်အက်စ်အဖွဲ့၏ ခေါင်းဆောင် အဘူဘတ်ဘဂ္ဂဒါဒီက ခေါင်းဖြတ်ကွပ်မျက်သည့် ဗီဒီယိုများသည် အိုင်အက်စ်အဖွဲ့၏ ပုံရိပ်ကို ထိခိုက်စေသည်ဟု စဉ်းစားမိ၍ တားမြစ်ချက်ထုတ်လိုက်သည်။

ဘဂ္ဂဒါဒီက ခေါင်းဖြတ်သတ်သည့် ဗီဒီယိုများ ထုတ်လွှင့်နေခြင်းကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း ၎င်း၏ မီဒီယာရုံးများသို့ စာတစ်စောင်ပို့ကာ အမိန့်ထုတ်လိုက်ခြင်းဖြစ်သည်။

ထိုသို့ ဆုံးဖြတ်ခြင်းသည် အခြားသောမွတ်စလင်များ၏ မကျေနပ်မှုများကို ကိုယ်စားပြုစဉ်းစားခြင်းတော့ လုံးလုံးမဟုတ်ကြောင်းလည်း ၎င်းက အတည်ပြုပြောကြားခဲ့သည်။

သို့သော်လည်း ယင်းသို့ ဆုံးဖြတ်လုပ်ဆောင်ချက်သည် အိုင်အက်စ်တို့ သိမ်းပိုက်ထားရာ နယ်မြေများတွင် လူမဆန်ရက်စက်ယုတ်မာမှုများကို မပြုလုပ်ခြင်း မဟုတ်ကြောင်း ဆီးရီးယားနိုင်ငံရေးသမားနှင့် ရှေ့နေတစ်ဦးကပြောသည်။

"ဒီလို ဗီဒီယိုတွေ မထုတ်လွှင့်ဖို့ ပြောနေမယ့်အစား ဘဂ္ဂဒါဒီအနေနဲ့က သူတို့အဖွဲ့ ကျုးလွန်နေတဲ့ လုပ်ရပ်များကို တားမြစ်သင့်တယ်။”ဟု ၎င်းကပြောသည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကလည်း ဆီးရီးယားတွင် အိုင်အက်စ်တို့ကို သုတ်သင်ချေမှုန်းရေးအတွက် အမေရိကန်ကို ကူညီသွားရန် ကတိကဝတ်ပြုထားသည်။

Ref: Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly