ဂျာကာတာအုပ်ချုပ်ရေးမှူးကို ဆန့်ကျင်ဆန္ဒပြရန် ထောင်နဲ့ချီသော လူများစုရုံး

ဂျာကာတာအုပ်ချုပ်ရေးမှူးကို ဆန့်ကျင်ဆန္ဒပြရန် ထောင်နဲ့ချီသော လူများစုရုံး

ထောင်သောင်းချီသော အဖြူရောင်ဝတ်ဆင်ထားသည့် မူစလင်များဟာ ဂျာကာတာမြို့လယ်ခေါင်က ပန်းခြံဆီ သို့ သောကြာနေ့မှာ တသီတသန်းကြီး ချီတက်သွားကြပါတယ်။ ကိုရန်ကို စော်ကားတယ်လို့ စွပ်စွဲခံနေရတဲ့ ခရစ်ယာန်တစ်ယောက်ဖြစ်တဲ့ မြို့တော်အုပ်ချုပ်ရေးမှူးကို ဖမ်းဆီးဖို့တောင်းဆိုရန်အတွက် အင်ဒိုနီးရှားလူမျိုး တစ်သိန်းရှိတဲ့ လူစုလူဝေးကြီးတစ်ခု စုရုံးရန် စီစဉ်ခဲ့ကြခြင်းဖြစ်ပါတယ်။

နိုင်ငံသတင်းအေဂျင်စီ Antara ရဲ့အဆိုအရ ရဲ ၂၂၀၀၀ ကို ပြီးခဲဲ့တဲ့လကဖြစ်ပွားခဲ့တဲ့အစ္စလာမ်အစွန်းရောက် တွေကြောင့်ဖြစ်ပွားခဲ့ ပဋိပက္ခလိုမျိုးထပ်မဖြစ်ရန်အတွက် တပ်ဖြန့်ချထားသွားဖို့ ရှိတယ်လို့   ပြောပါတယ်။

မွတ်စလမ်အဖွဲ့တွေဟာ မြို့တော်အုပ်ချုပ်ရေးမှူး Basuki Tjahaja Purnama ဟာ ကိုရန် ကိုစော်ကားတယ်လို့ စွပ်စွဲနေတာဖြစ်ပေမယ့် သောကြာနေ့မှာပြသမယ့်ဆန္ဒပြပွဲကိုတော့ ငြိမ်းချမ်းစွာ ဆန္ဒပြမည်   ဖြစ်ကြောင်း ပြောပါတယ်။

ဆန္ဒပြသူတွေဟာ Istiqlal မှ မြို့လယ်ကောင်မှအမျိုးသားမော်ကွန်းသို့မနက်ခင်းဝတ်ပြုအပြီး မနက်ငါးနာရီ လောက်မှာ စတင်ထွက်ခွာသွားနေပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly