လက်ရှိသမ္မတ Francois Hollande ဟာ လာမယ့် ပြင်သစ်သမ္မတ ရွေးကောက်ပွဲမှာ ထပ်မယှဉ်ပြိုင်ရန်ဆုံးဖြတ်

လက်ရှိသမ္မတ Francois Hollande ဟာ လာမယ့် ပြင်သစ်သမ္မတ ရွေးကောက်ပွဲမှာ ထပ်မယှဉ်ပြိုင်ရန်ဆုံးဖြတ်

နောက်တစ်ကြိမ်သက်တမ်းအတွက် ပြင်သစ်နိုင်ငံသမ္မတအဖြစ် ထပ်မံယှဉ်ပြိုင် အရွေးချယ်ခံတော့မည်မဟုတ် ကြောင်းကို Francois Hallande ကကြေညာခဲ့ပါသည်။

လုပ်ပိုင်ခွင့်အာဏာသက်တမ်းတိုးဖို့အတွက် ကိုယ်စားလှယ်လောင်းအဖြစ် တဖန်အရွေးခံတော့မည်မဟုတ် ကြောင်းကို ဆိုရှယ်လစ်ပါတီခေါင်းဆောင်က ရုပ်မြင်သံကြားမှ တိုက်ရိုက်မိန့်ခွန်းခြွေစဉ်မှာ ပြောကြားခဲ့ပါတယ်။

အသက်၆၂ရှိပြီဖြစ်ပြီး လူကြိုက်များမှု တဖြည်းဖြည်းနည်းပါးလာခြင်းကို ရင်ဆိုင်နေရတဲ့လက်ရှိသမ္မတဟာ ခေတ်သစ်ပြင်သစ်သမိုင်းမှာ နောက်တစ်ကြိမ်ရွေးကောက်ပွဲကို ထပ်မံမယှဉ်ပြိုင်တဲ့ ပထမဦးဆုံးသော သမ္မတ ဖြစ်လာခဲ့ပါတယ်။

ရှေးရိုးစွဲ ရီပါဗလစ်ကန်ပါတီကိုယ်စားလှယ် Francois Fillon ကတော့ နောက်နှစ်သမ္မတရွေးကောက်ပွဲမှာ အများသဘောကျတဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ရပ်တည်နေပါတယ်။ မကြာသေးခင်ကမှ ပြုလုပ်ခဲ့တဲ့ လူထုသဘောထားစစ်တမ်း နမူနာကောက်ယူမှုအရ Marine Le Pen ဟာ မစ္စတာ Fillon နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရမည့်သူဖြစ်လာပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly