နိုင်ငံရေးခိုလှုံခွင့်ပေးမှုကို ဆန့်ကျင်သောဆန္ဒပြပွဲ သြစတြေးလျပါလီမန်ရှေ့၌ ဒုတိယအကြိမ်အဖြစ်ပွား

နိုင်ငံရေးခိုလှုံခွင့်ပေးမှုကို ဆန့်ကျင်သောဆန္ဒပြပွဲ သြစတြေးလျပါလီမန်ရှေ့၌ ဒုတိယအကြိမ်အဖြစ်ပွား

သြစတြေးလျအစိုးရရဲ့ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများအပေါ်ဆက်ဆံပုံနင့်ပတ်သက်ပြီး ဆန့်ကျင်သော ဒုတိယနေ့ဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေဟာ ပါလီမန်ရဲ့လုံခြံုရေးကို ချိုးဖောက်ခဲ့ကြပါသည်။ ဆန္ဒပြသူထဲမှ နှစ်ယောက်ဟာ “ စခန်းတွေကို လုံးဝပိတ်ပစ် ” ဟု ရေးသားထားသောစာတန်းကြီးကို ကိုင်ဆောင်ကာ ကမ်ဘာရာမြို့မှာရှိတဲ့ ပါလီမန်အဆောက်အအုံပေါ်မှ   ခြေစုံကန်လျှောဆင်းခဲ့ကြ ပါသည်။

သြစတြေးလျအစိုးရဟာ လှေဖြင့်ရောက်ရှိလာကြတဲ့ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများအား ပါပူအာနယူးဂီနီ နှင့် နာအူယူ တို့ရှိအကျဉ်းစခန်းများကို ကမ်းလွန်ပြစ်ဒဏ်အဖြစ်ပေးပြီး ပို့လိုက်သည်။ အစိုးရက သူတို့ရဲ့ပေါ်လစီ ဟာ ပင်လယ်ပြင်ထဲ၌သေဆုံးခြင်းများကို ကာကွယ်ပေးနိုင်သည်ဟု ယုံကြည်သော်လည်း ဝေဖန်သူများကတော့ ဤကိစ္စသည် လူသားမဆန် ရက်စက်သောအပြုအမူဖြစ်သည်ဟု   ငြင်းဆိုကြပါသည်။

ပြီးခဲ့သော ကြာသာပတေးနေ့က ဆန္ဒပြသူ ၁၃ ယောက်ဟာ ရေအိုင်ထဲမှာ လက်ကိုင်ပိုစတာတွေကိုင်ဆောင်ထား ပြီး သွေးစွန်းချင်းကို ပုံဖော်လိုသောသင်္ကတအဖြစ် ရေအိုင်ကိုအနီရောင်ဆေးများ   လောင်းထည့်ခဲ့ပါသည်။ ပြီးခဲ့သောလက သြစတြေးလျအစိုးဟာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများကို နာအူယူရှိအကျဉ်းစခန်းများအား ပို့ဆောင်ခြင်းနှင့်ပတ်သက်သော လူအခွင့်အရေးအစီရင်ခံစာကို ပယ်ချခဲ့ပါသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly