Forbes မဂ္ဂဇင်းမှ ထုတ်ပြန်သည့် ၀င်ငွေအများဆုံး ရရှိသည့်အဆိုတော်စာရင်း၌ တေလာဆွစ်နှင့် One Direction အဖွဲ့တို့ ထိပ်ဆုံးမှရပ်တည်

Forbes မဂ္ဂဇင်းမှ ထုတ်ပြန်သည့် ၀င်ငွေအများဆုံး ရရှိသည့်အဆိုတော်စာရင်း၌ တေလာဆွစ်နှင့် One Direction အဖွဲ့တို့ ထိပ်ဆုံးမှရပ်တည်

အမေရိကန်ပေါ့ပ်အဆိုတော် တေလာဆွစ်? ဗြိတိန်အမျိုးသားဂီတအဖွဲ့ One Direction နဲ့ ဗြိတိန်အဆိုတော် အဒဲလ် တို့ဟာ ယခုနှစ်အတွက် ကမ္ဘာတဝန်း ၀င်ငွေအများဆုံးရရှိသည့် အဆိုတော်များ   ဖြစ်ကြကြောင်း Forbes မဂ္ဂဇင်းမှပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အသက် ၂၆နှစ်အရွယ်ရှိ တေလာဆွစ်ဟာ ကမ္ဘာလှည့်ဖျော်ဖြေပွဲများ၊အသံသွင်းလုပ်ငန်းများနှင့်အခြားလုပ်ငန်း များမှဝင်ငွေ ဒေါ်လာသန်း ၁၇၀ ရရှိခဲ့သောကြောင့် ၀င်ငွေအများဆုံး အဆိုတော်စာရင်းမှာ ထိပ်ဆုံးမှ ရပ်တည်နေပါတယ်။ သူမရဲ့နောက်မှာတော့ ဗြိတိန်အမျိုးသားဂီတအဖွဲ့ One Direction က ၀င်ငွေဒေါ်လာသန်း ၁၁၀ နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

တတိယနေရာမှာတော့ အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်သည့် အဆိုတော် အဒဲလ် က ၀င်ငွေဒေါ်လာ ၈၀.၅သန်း နဲ့ရပ်တည်နေပါတယ်။ ၀ါရင့်အဆိုတော် မက်ဒေါနားကတော့ ၀င်ငွေဒေါ်လာ ရ၆.၅သန်း ရရှိခဲ့ပြီး စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။ ထိပ်ဆုံး ဆယ်နေရာအတွင်းဝင်ခဲ့တဲ့ ဂီတပညာရှင်တွေကတော့ ရီဟားနား၊  ဂါ့သ်ဘရွတ်၊ ၀ါရင့်ဂီတအဖွဲ့ဖြစ်သည့် AC/DC၊  Rolling Stones၊  ဒီဂျေ ပညာရှင် ကယ်လ်ဗင်ဟားရစ် နဲ့ ရက်ပ်အဆိုတော် Diddy တို့ပဲဖြစ်ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly