ဥရုဂွေးတိုက်စစ်မှူး ကာဗာနီ ပီအက်စ်ဂျီအသင်းအတွက် ဂိုး ၁၀၀ ပြည့်သွင်းယူ

ဥရုဂွေးတိုက်စစ်မှူး ကာဗာနီ ပီအက်စ်ဂျီအသင်းအတွက် ဂိုး ၁၀၀ ပြည့်သွင်းယူ

ဒီဇင်ဘာ ၁၊ ပြင်သစ် ။               ။ ပီအက်စ်ဂျီအသင်းက အန်ဂါအသင်းကို ၂-၀ ဂိုးဖြင့်အနိုင်ရခဲ့သည့်ပွဲတွင် ပင်နယ်တီမှ တစ်ဆင့်ဂိုးသွင်းယူခဲ့သော ဥရုဂွေးတိုက်စစ်မှူး ကာဗာနီမှာ ပီအက်စ်ဂျီအသင်းအတွက် ဂိုး ၁၀၀ ပြည့်မြောက်သွားပြီ ဖြစ်သည်။

ကာဗာနီသည် ၂၀၁၃ ခုနှစ်က ပီအက်စ်ဂျီအသင်းသို့ ရောက်ရှိလာသူဖြစ်ပြီး သုံးနှစ်အတွင်း ဂိုး ၁၀၀ သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကာဗာနီမှာ ပီအက်စ်ဂျီအသင်း၏သမိုင်းတွင် ဂိုးသွင်းအများဆုံးကစားသမားစာရင်း၌ ထိပ်ပိုင်းသို့ရောက်လာခဲ့သည်။ လက်ရှိတွင် ဂိုးအများဆုံးသွင်းထားသူပြီး အီဗရာဟီမိုဗစ်ဖြစ်ပြီး ၁၅၆ ဂိုးသွင်းယူထားသည်။

ထိုဂိုးကို သွင်းယူပြီးနောက်တွင် ကာဗာနီမှာ လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားခဲ့ရသော ဘရာဇီးကလပ် Chapecoense အသင်းအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် သူ၏ဂျာစီကိုချွတ်ကာ အောင်ပွဲခံခဲ့သောကြောင့် အဝါကတ်ပြသခံခဲ့ရသည်။

ထိုပွဲစဉ်မစတင်မီ Chapecoense အသင်းအတွက် ၀မ်းနည်းခြင်းအထိန်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်ဆုတောင်းခဲ့ကြရာ ဘရာဇီးကစားသမား သီယာဂိုဆေးလ်ဗားမှာ ဆုတောင်းနေစဉ်အတွင်း ငိုကြွေးနေခဲ့သည်။ ဆေးလ်ဗားမှာ ထိုပွဲစဉ်တွင် တစ်ဂိုးသွင်းနိုင်ခဲ့သည်။

ပီအက်စ်ဂျီပရိသတ်အများစုကလည်း ဘရာဇီးအလံများကိုင်ဆောင်ကာ Chapecoense အသင်းအတွက် ၀မ်းနည်းကြောင်း ပြသခဲ့ကြသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly