အိန္ဒိယရုပ်ရှင်ရုံများ၌ နိုင်ငံတော်သီချင်းလွှင့်ရန် အမိန့်ပေး

အိန္ဒိယရုပ်ရှင်ရုံများ၌ နိုင်ငံတော်သီချင်းလွှင့်ရန် အမိန့်ပေး

အိန္ဒိယနိုင်ငံတော် တရားရုံးချုပ်က ရုပ်ရှင်ရုံတိုင်း၌ ရုပ်ရှင်မပြသခင် နိုင်ငံတော်သီချင်းလွှင့်ပေးရန် အမိန့်ချမှတ် လိုက်ပါတယ်။ ဒီအမိန့်ဟာလာမည့် ဆယ်ရက်အတွင်းစတင်သက်ရောက်မှာဖြစ်ပြီး ရုပ်ရှင်ကြည့် ပရိတ်သတ်တွေဟာ နိုင်ငံတော်သီချင်းလာတဲ့အချိန်မှာ မတ်တပ်ရပ်ရမည်ဖြစ်ကြောင်း တရားသူကြီးက ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၉၆၀နဲ့ ၁၉၇၀ ပြည့်နှစ်များတုန်းက ရုပ်ရှင်ရုံများဟာ နိုင်ငံတော်သီချင်းကိုပုံမှန်လွှင့်လေ့ရှိပေမယ့် ဒီအလေ့အထဟာ တဖြည်းဖြည်း လျော့ပါးလာတာဖြစ်ပါတယ်။   နိုင်ငံတော်သီချင်းနဲ့ ပက်သက်ပြီး အိန္ဒိယမှာတူညီသော ဥပဒေပြဌာန်းချက် မရှိသလို ပြည်နယ်၂၉ခုဟာလည်း ဒီအချက်နဲ့ပက်သက်ပြီး သူတို့ရဲ့ကိုယ်ပိုင်ဥပဒေ ကိုယ်စီရှိနေကြပါတယ်။  ဥပဒေသစ်အရ ရုပ်ရှင်ရုံတိုင်းဟာ   နိုင်ငံတော်သီချင်းကို နိုင်ငံတော်အလံနှင့်တကွ ပွဲမစခင်မှာ ထုတ်လွှင့်ရမှာဖြစ်ပါတယ်။

ပြည်သူလူထုဟာ လွတ်လပ်ရေးနဲ့ပက်သက်ပြီး သီးခြားအယူအဆတွေကိုလိုက်နာခြင်းကိုရပ်တန့်သင့်ကာ မျိုးချစ်စိတ် စစ်စစ်ရှိသင့်တယ်လို့ တရားသူကြီးက ပြောပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly