UK Box Office မှာ Fantastic Beasts ဇာတ်ကားကို ဖြုတ်မချနိုင်ခဲ့တဲ့ ဘရက်ပစ် ရဲ့ဇာတ်ကားသစ်

UK Box Office မှာ Fantastic Beasts ဇာတ်ကားကို ဖြုတ်မချနိုင်ခဲ့တဲ့ ဘရက်ပစ် ရဲ့ဇာတ်ကားသစ်
 

နာမည်ကျော်မင်းသား ဘရက်ပစ်ရဲ့ဇာတ်ကားသစ် Allied ဟာ UK Box Office မှာ ထိပ်ဆုံးနေရာမှာရှိတဲ့ Fantastic Beasts ဇာတ်ကားကို နံပါတ်တစ်နေရာကနေ ဖြုတ်ချနိုင်ခဲ့ခြင်း မရှိပါဘူး။

ဘရက်ပစ်ရဲ့ ဇာတ်ကားသစ် Allied မှာ နာမည်ကျော်မင်းသမီး Marion Cotillard ပါ ပါ၀င်အားဖြည့်ထားပေ မယ့်လည်း ဇာတ်ကားရဲ့ပွဲဦးထွက် ပထမအပတ်မှာ ရုံဝင်ငွေ ပေါင်၁.၃သန်းသာရရှိခဲ့ပြီး ဒုတိယနေရာမှာပဲ ရပ်တည်နေပါတယ်။

Fantastic Beasts ဇာတ်ကားဟာတော့ သူ့ရဲ့ ရုံတင်ပြသမှုဒုတိယအပတ်မှာ ရုံဝင်ငွေ ပေါင် ၈.၉သန်းရရှိခဲ့ပြီး  UK Box Office ရဲ့ ပထမနေရာမှာဆက်လက်ရပ်တည်နေပါတယ်။

ပြသတာ ခြောက်ပတ်ကြာပြီဖြစ်တဲ့ ကာတွန်းဇာတ်ကား Trolls ဟာတော့ ရုံဝင်ငွေ ပေါင် ၈၃၄၀၀၀ ရရှိပြီး တတိယနေရာမှာရပ်တည်နေပါတယ်။ စတုတ္ထနေရာက Bad Santa 2 ဇာတ်ကားဟာတော့ ပွဲဦးထွက်မှာ ရုံဝင်ငွေ ပေါင် ရ၉၉၀၀၀ ရရှိထားပါတယ်။

ပြသတာ သုံးပတ်ရှိပြီဖြစ်တဲ့ Amy Admas နဲ့ Jeremy Renner တို့ပါ၀င်ထားတဲ့ Arrival ဇာတ်ကားဟာတော့ ရုံဝင်ငွေ ရ၇၈၀၀၀ ပေါင်ရရှိကာ နံပါတ်ငါးနေရာမှာရပ်တည်နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly