ဒသမမြောက် ရာမမင်းအဖြစ် ထိုင်းအိမ်ရှေ့စံအား အမျိုးသားလွှတ်တော်က အသိအမှတ်ပြု

ဒသမမြောက် ရာမမင်းအဖြစ် ထိုင်းအိမ်ရှေ့စံအား အမျိုးသားလွှတ်တော်က အသိအမှတ်ပြု

ဘန်ကောက်၊ နိုဝင်ဘာ ၂၉ ။             ။ ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသား မဟာဝါဇီရာလောင်ကွန်းအား ဒသမမြောက် ရာမဘုရင်မင်းမြတ်အဖြစ် အမျိုးသားလွှတ်တော်က နိုဝင်ဘာ ၂၉ ရက်တွင်
အသိအမှတ်ပြု တင်မြှောက်လိုက်သည်။

အဆိုပါ အသိအမှတ်ပြုခြင်းအား ဘုရင်မင်းမြတ် သက်တော်ထင်ရှား ရှိစဉ်အတွက်သာ ဖြစ်သော ၂၀၀၇ တော်ဝင်အမိန့်ပြန်တမ်း ပုဒ်မ ၂၃ အရ အသိအမှတ်ပြုခဲ့ခြင်းသာဖြစ်သည်။

အဆိုပါ ပုဒ်မအရ ဘုရင်အနေဖြင့် အရိုက်အရာဆက်ခံသူအား ထီးနန်းလွှဲပေးပြီး ကက်ဘိနက်အစိုးရအဖွဲ့က အမျိုးသားလွှတ်တော်သို့ တင်သွင်းရမည်ဖြစ်ကာ အမျိုးသားလွှတ်တော်၏ ညီလာခံဖြင့် အသိအမှတ် ပြုရခြင်းဖြစ်သည်။ ထို့နောက် ထီးမွေနန်းလျာအား အမျိုးသားလွှတ်တော် ဥက္ကဌက ဖိတ်မန္တကပြုကာ ဘုရင်မင်းမြတ်အဖြစ် ကြေညာရမည်ဖြစ်သည်။

ယခု အမျိုးသားလွှတ်တော်၏ အသိအမှတ်ပြု တင်မြှောက်ခံရသည့် ဝါဇီရာလောင်ကွန်သည် ၁၉၅၂ ခုနှစ် ဇူလိုင် ၂၈ တွင် ဖွားမြင်သူဖြစ်သည်။ အစောပိုင်းက Chitralada ကျောင်းတွင် ပညာသင်ကြားခဲ့ကာ ဗြိတိန်ရှိ Millfield ကျောင်းနှင့် သြစတြေးလျနိုင်ငံ ဆစ်ဒနီရှိ The King ကျောင်းများတွင် တက်ရောက် ပညာသင်ကြားခဲ့သည်။

ထိုပြင် သြစတြေးလျနိုင်ငံ ကန်ဘာရာရှိ တော်ဝင်စစ်သင်တန်းကောလိပ်သို့လည်း တက်ရောက်ခဲ့သူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly