တရုတ်တွင် စက်ရုပ်ကမ္ဘာ့ဖလားဘောလုံးပွဲ ကျင်းပမည်

တရုတ်တွင် စက်ရုပ်ကမ္ဘာ့ဖလားဘောလုံးပွဲ ကျင်းပမည်

တရုတ်နိုင်ငံတွင် ယခုနှစ်၌ ဟီပေးမြို့အတွင်း စက်ရုပ်ကမ္ဘာ့ဖလားဘောလုံးပွဲကျင်းပမည်ဖြစ်၍ စက်ရုပ်များကို ဘောလုံးကန်လေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ်သည်။ ဘောလုံးကန်ပြိုင်ပွဲဝင်ကြမည့် စက်ရုပ်များမှာ ဒူးခေါင်းအမြင့်ခန့်သာရှိပြီး Hertfordshire တက္ကသိုလ်က အခြေစိုက်ထုတ်လုပ်ခြင်းဖြစ်သည်။ စက်ရုပ်ငယ်များက ဘောလုံးရရှိချိန်တွင် ပတ်ပတ်လည်ကို ကြည့်ရှုကာ လှမ်းကန်တင်ပေးနိုင်ကြောင်း၊ အချင်းချင်းကိုလည်း ကန်ကြသည်သာဖြစ်ကြောင်း စက်ရုပ်များကို ထိန်းချုပ်စီမံသူ ပါမောက္ခ ဒန်နီယယ်ပိုလန်နီက ပြောသည်။ "တီထွင်ထုတ်လုပ်နိုင်တာက သူတို့တွေကို ကန်တတ်အောင်ပဲဖြစ်တယ်။ တော်တော်များများက ဦးတည်ရာကို တည်ကန်တာမျိုး မတတ်နိုင်သေးဘူး။ တစ်ခြားစက်ရုပ်တွေ အချင်းချင်းလည်း ကန်ကြတာပါပဲ။ သူတို့ အသိဉာဏ်မှာ ဘောလုံးလိုအမှတ်မျိုးနဲ့ အချင်းချင်း ပြန်ကန်နေကြတာပဲ။”ဟု ဒန်နီယယ်ကပြောခဲ့သည်။ ယခုစက်ရုပ်များက စက်ရုပ်ဘောလုံးပွဲများအတွက် အကြိုလုပ်ဆောင်မှုသာဖြစ်သည်။ တစ်ခါတစ်ရံ လဲကျပြီး မတ်တပ်ပြန်ရပ်ရန် ခက်ခဲနေသေးသည့် စက်ရုပ်များဖြင့် ဘောလုံးပွဲတွင် တစ်သင်းကို စက်ရုပ်လေးရုပ်စီ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly