မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ လူမှုစီးပွား ပညာရှင်များက မြစ်ဆုံဒေသခံများနှင့် သွားရောက် တွေ့ဆုံ

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ လူမှုစီးပွား ပညာရှင်များက မြစ်ဆုံဒေသခံများနှင့် သွားရောက် တွေ့ဆုံ
ဓာတ်ပုံ -  ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ် လွတ်တော်ကိုယ်စားလှယ် ဒေါ်ဂျာဆိုင်းခေါင် ( Facebook)

ချင်းမိုင်၊ နိုဝင်ဘာလ ၂၉  ။                  ။ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ လူမှုစီးပွားရေးဆန်းစစ်ချက်ကို ထောက်ခံသော Myanmar Environment Institute (MEI) လူမှုစီးပွားရေး ပညာရှင်   ဒေါ်ခင်ဥမ္မာနှင့်အဖွဲ့သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ မြစ်ဆုံဒေသခံများနှင့် နိုဝင်ဘာလ ၂၉ ရက်က သွားရောက်တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။

MEI အဖွဲ့သည် မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့သော အောင်မြင်သာ စံပြကျေးရွာမှ ကက်သလစ်အသင်းတော်မှ ဓ မ္မာရုံတွင် အောင်မြင်သာ စံပြကျေးရွာနှင့် မလိယန် ကျေးရွာသား ၁၀၀ ခန့်နှင့် တွေ့ဆုံ၍ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ မေးခွန်းများ မေးမြန်းခဲ့သည်ဟု အောင်မြင်သာ စံပြကျေးရွာ ဒေသခံ တစ်ဦးလည်းဖြစ်သည့်  Zinlum ကော်မတီမှ ဒု ဥက္ကဋ္ဌ ဒေါ်ဂျာခေါန်က ပြောသည်။

“ဒီမနက် MEI အဖွဲ့က ၉ နာရီခွဲမှာသူတို့ဘက်က မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီးတော့ ကိုယ့်ဆန္ဒအမှန်ကို ပြောခိုင်းတယ်။ ပြီးရင် စာရွက်မှာ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ လူမှုရေးထိခိုက်မှုရှိသလား၊ မေးခွန်း ၈ ခုလောက်ရှိတယ်။ ရ ခုက ထိခိုက်မှု ရှိလား၊ မရှိဘူးလား။ ထိခိုက်မှုရှိတာကို သိသလား၊ မသိဘူးလာ။ ပြီးတော့ စီမံကိန်းလုပ်ရင် ဘာဖြစ်တယ်။ ဆို တာ ကိုယ့် ခံစားချက်ကို ရေးခိုင်းတာ။ မေးခွန်းမေးထားတာကို ကိုယ့်သဘောထားတွေကို ဖြေခိုင်းတယ်” ဟု သူက ပြော သည်။

ထို့ပြင် မြစ်ဆုံဒေသခံများ အမှန်တကယ် ခံစားနေရမှုများ၊ ဒေသခံများ၏ ရင်ဖွင့်သံ မှတ်တမ်းတင် ရေးသားထားသော စာအုပ်တစ်အုပ်ကိုလည်း MEI အဖွဲ့ကို ပေးအပ်ခဲ့သည်ဟု ဒေါ်ဂျာခေါန်က ပြောသည်။

ညနေပိုင်းတွင်လည်း MEI အဖွဲ့သည် အင်ဂျန်းယန်ကျေးရွာ ဒေသခံများနှင့် ထပ်မံ တွေ့ဆုံမည်ဟု သိရသည်။

MEI အဖွဲ့သည် နိုဝင်ဘာလ ၂၈ ရက်ကလည်း ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ကချင်ပြည်နယ် အစိုး ရရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ရာ ယင်းတွေ့ဆုံဆွေးနွေးမှုတွင် ကချင်ကိုယ်စားလှယ်များက မြစ်ဆုံစီမံကိန်းကို မလုပ်သင့် ကြောင်း ၄င်းတို့ အမြင်သဘောထားများကို တင်ပြခဲ့သည်ဟု ကချင်ပြည်နယ် အင်ဂျန်းယန် လွတ်တော်ကိုယ်စားလှယ် ဒေါ်ဂျာဆိုင်းခေါန်က သူ၏ လူမှု ကွန်ယက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly