တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေး ပုံမှန်သို့ ပြန်လည်ရောက်ရှိ

တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေး ပုံမှန်သို့ ပြန်လည်ရောက်ရှိ
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် တရုတ်မူဆယ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအား ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွေ့ရစဉ်။ ဓာတ်ပုံ-မဇ္ဈိမ

မြန်မာနိုင်ငံမြောက်ပိုင်း၌ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသော်လည်း တရုတ်နှင့် မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်မှုသည် ပုံမှန်အခြေသို့ ပြန်လည်ရောက်ရှိပြီ ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က ကုန်သွယ်ရေး ပြတ်တောက်မှုများဖြစ်ခဲ့သော်လည်း လက်ရှိတွင် ပုံမှန်အခြေနေသို့ ပြန်ရောက် နေပြီဖြစ်ကြောင်း ကြယ်ဂေါင်မှ မူဆယ်သို့ ကုန်စည်များတင်ပို့နေသည့် ကုန်သည်တစ်ဦးဖြစ်သည့် ဖန်က Global Times သို့ ပြောသည်။

မြန်မာနိုင်ငံ မြောက်ပိုင်း ရှမ်းပြည်နယ်နှင့် တရုတ်နိုင်ငံကြားက နယ်စပ်ကုန်သွယ်မှု ပုံမှန်ပြန်ဖြစ်ပြီးဟု မြန်မာနိုင်ငံဖက်က ပြန်ကြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“တရုတ်ဘက်ကို ထွက်ပြေးလာသူတွေ သိပ်မရှိတော့ပါဘူး။ ဒါပေမယ့် ရောက်ပြီးသူတွေက မြန်မာဘက် မပြန်ကြသေးဘူး ” ဟု ဖန်က ပြောသည်။

ရွှေလီတွင် စီးပွားရေးလုပ်ကိုင်နေသည့် လီဆိုသူ တရုတ်အမျိုးသားတစ်ဦးကလည်း နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပုံမှန် ပြန်ဖြစ်ပြီဖြစ်သော်လည်း မြန်မာဖက်က ဖရဲသီးကဲ့သို့ စိုက်ပျိုးရေးထွက်ကုန်များ လာရောက်ရောင်းချမှုက အနည်း အ ကျဉ်းသာရှိနေကြောင်း Global Times သို့ ပြောသည်။

သို့သော် ဖန်က ပစ်ခတ်သံများ ဆက်တိုက်ကြားရချိန်မှစကာ ညပိုင်း မိသားစုနှင့်သာ အိမ်တွင်းနေပြီး မပြင်မထွက် ကြောင်း ပြောသည်။

နိုဝင်ဘာ ၂၀ ရက်က စပြီး တိုင်းရင်းသားလက်နက်ကိုင်များနှင့် မြန်မာစစ်တပ်ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်တွင် လက်နက်ကိုင် အဖွဲ့လေးဖွဲ့ မဟာမိတ်တပ်ပေါင်းစုမှ တပ်အင်အား ၈၀၀ ဝန်းကျင်က ဌာနဆိုင်ရာနေရာများနှင့် မူဆယ်ကုန်သွယ်ရေးဇုန်တို့ကို ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly