ဖိလစ်ပိုင်စစ်တပ်က အိုင်အက်စ်တောင်ပိုင်းသူပုန်များအား လေကြောင်းဗုံးကြဲခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းများဖြင့် ချေမှုန်းနေ

ဖိလစ်ပိုင်စစ်တပ်က အိုင်အက်စ်တောင်ပိုင်းသူပုန်များအား လေကြောင်းဗုံးကြဲခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းများဖြင့် ချေမှုန်းနေ

မနီလာ၊ နိုဝင်ဘာ ၂၈ ။          ။ အိုင်အက်စ်လိုလားသော စစ်သွေးကြွများကို ချေမှုန်းခြင်း တတိယမြောက်နေ့အဖြစ် ဖိလစ်ပိုင်စစ်တပ်က နိုဝင်ဘာ ၂၈ ရက်တွင် တောင်ပိုင်သူပုန်အဖွဲ့အား လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများဖြင့် တိုက်ပွဲဆင်လျက်ရှိပြီး ယင်းထိုးစစ်တွင် ပြောက်ကြားသူပုန် ၃၅ ဦးသေဆုံးကြောင်း စစ်တပ်က ပြောသည်။

လာနာအိုပြည်နယ်အတွင်းရှိ မြို့တော်ခန်းမတစ်ခုကို သိမ်းပိုက်ထာသည့် Maute သူပုန်များ၏ ခံတပ်နေရာများကို အမေရိကန်ဖြစ် OV-10B လေယာဉ်များ ဝေဟင်တွင် ပျံဝဲကာ ထိုးဆင်းပြီး ဗုံးကြဲခြင်းဖြစ်ကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဖီလီမွန်တန်းက ပြောသည်။

“ဒီနေ့ နေ့လယ်အထိ ကျွန်တော်တို့တပ်တွေက နယ်မြေရှင်းလင်းရေးလုပ်ပြီး ဒီနယ်မြေတွေမှာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေတာဖြစ်တယ်။”ဟု ၎င်းက ပြောပြီး နိုဝင်ဘာ ၂၆ ရက်က စသည့် တိုက်ပွဲများတွင် ဒဏ်ရာရစစ်သား ၁၃ ဦး ရှိကြောင်း ဖြည့်စွက်ဆိုသည်။

အမြှောက်ပစ်ကူခြင်း၊ သံချပ်ကာယာဉ်များဖြင့် စစ်ကူခြင်းများဖြင့် တပ်ဖွဲ့ဝင်အင်အား ထောင်ပေါင်းများစွာက သူပုန်များကို စစ်မျက်နှာဖွင့် ရှင်းလင်းနေ၍ ထောင်ပေါင်းများစွာသော ပြည်သူများ   ဘေးလွတ်ရာသို့ ထွက်ပြေးခိုလှုံကြရသည်။

လူ ၁၄ ဦးသေဆုံးပြီး ဒါဇင်များစွာ ဒဏ်ရာရသည့် ဖိလစ်ပိုင်သမ္မတ ဒူတာတေးမွေးရပ်မြေရှိ စျေးတစ်စျေးတွင် စက်တင်ဘာ ၂ ရက်က ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်ပြီး Maute သူပုန်များအား အစိုးရက အပြစ်တင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly