၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့်နေရာများ NDF ထုတ်ပြန်

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့်နေရာများ NDF ထုတ်ပြန်
အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၆)မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးခိုင်မောင်ရည် အားတွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ(ရာမည)

ရန်ကုန်၊နိုဝင်ဘာ ၂၈ ။              ။၂၀၁၇၊ ဧပြီလ၊ ကြားဖြတ်ရွေးကောက်ပွဲ၏ လစ်လပ်မဲဆန္ဒနယ်မြေများတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီက နိုဝင်ဘာ ၂၈ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

သတင်းထုတ်ပြန်ချက်တွင် လစ်လပ်မဲဲဆန္ဒနယ်မြေဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးရှိ ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော်တွင် ဦးအောင်ဇင်၊ ဒဂုံအရှေ့မြို့နယ် ပြည်သူ့လွှတ်တော်တွင် ဦးကြီးမြင့်၊ လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော်တွင် ဦးသက်ထွန်းမောင်၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်တွင် ဒေါက်တာလှမျိုး၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်မြေအမှတ်(၆)တွင် ဦးခိုင်မောင်ရည်၊ ပဲခူးတိုင်းဒေသရှိ အမျိုးသားလွှတ်တော၊် မဲဆန္ဒနယ်မြေအမှတ်(၄)တွင် ဦးစိန်ထွန်းတို့က ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဟု ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly