ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD ကိုယ်စားလှယ် စာရင်းကြေငြာ

ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD ကိုယ်စားလှယ် စာရင်းကြေငြာ

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ။              ။ ၂၀၁၇ ဧပြီလအတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင်​ NLDပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည်​့ ကိုယ်စားလှယ် ၁၈ဦး စာရင်းကို လက်ရှိ အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က နိုဝင်​ဘာ ၂၆ရက်​က ထုတ်ပြန်ကြေငြာလိုက်သည်။

ပြည်ထောင်စုအဆင့်် အပါအဝင် တိုင်းနှင့်ဒေသကြီးအသီးသီးတွင် လှစ်လပ်နေသည့် အမတ်နေရာ ၁၉ နေရာရှိကြောင်း မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်၏ အချက်အလက်များအရ သိရသည်။

“အဓိကကတော့ နိုင်ငံရေးအရည်ချင်းပြည်ဝတဲ့ သူဖြစ်ရမယ်ဆိုတာကို ဦးစားပေးအရည်ချင်း ထဲမှာ ထည့်ထားတယ်။ အရင် ၂၀၁၅ တုန်းကတော့ အမျိုးသမီး၊ လူငယ်၊ တိုင်းရင်းသားဆိုတာပါတယ်။ သို့သော်လည်း အဲ့ထဲ ရွေးလိုက်တဲ့အခါမှာ တချို့က နိုင်ငံရေးအရည်ချင်း သိပ်မပြည့်တဲ့အခါဖြစ်တော့ နိုင်ငံရေးအရည်ချင်းပြည့်ဝတဲ့သူသာဖြစ်ရမယ်ဆိုပြီး ပြောလိုက်တော့ အဲ့အတိုင်းပဲပေါ့ အဲ့အတိုင်းပဲ   ရွေးသွားတာ" ဟု ကိုယ်စားလှယ်မည်သို့ရွေးချယ်ခဲ့သည်ကို NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ရှင်းပြသည်။

ကြားဖြတ်​​ရွေး​ကောက်​ပွဲအတွက်​ ပြည်သူ့လွှတ်တော်တွင်​ နေရာ ၉ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် ရ နေရာ လစ်လပ်လျှက်ရှိသည်။

အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေဖြင့် လစ်လပ် ၁၉ နေရာစလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောသည်။

ကျန်ရှိနေသေးသည့် လစ်လပ်မဲန္ဒနယ် တစ်ခုတွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်တစ်ဦးကို ဘာကြောင့် ရွေးချယ်ရန် ကျန်ရှိသည်ကိုတော့ ဖြေကြားခြင်းမရှိခဲ့ပေ။

“အမှန်က ၁၉ ဦးရွေးဖို့ပါ နောက်တစ်ဦးက နောက်အပတ်မှကြေငြာလိမ့်မယ်" ဟု ဦးဝင်းထိန်ကပြောသည်။

လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာထဲမှ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒေါက်တာအောင်သူ၏ မဲဆန္ဒနယ်ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၆) နေရာ အတွက် ထုတ်ပြန်ရန် ကျန်ရှိနေခြင်းဖြစ်သည်။

အတိုက်အခံပါတီဖြစ်သည့် ပြည်ထောင်စုကြ့ံခိုင်ရေးပါတီ (USDP) အနေဖြင့်လည်း လစ်လပ်မဲဆန္ဒနယ်အားလုံးတွင် ဝင်​ရောက်​ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ရွေးချယ်သည့် ကိုယ်စားများထဲတွင်လည်း တပ်မတော်သားဟောင်းများ ပါဝင်မည်မဟုတ်ဟု ဒုတိယဗိုလ်ချုပ်ကြီးဟောင့်မြင့်စိုးက BBC မြန်မာပိုင်းသို့ ဖြေကြားထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly