လူငယ်နှင့် ဆိုရှယ်မီဒီယာ (နိဂုံးပိုင်း)

26 November 2016
လူငယ်နှင့် ဆိုရှယ်မီဒီယာ (နိဂုံးပိုင်း)

ဒေါ်မွန်မွန်မြတ် (ဒါရိုက်တာ)

လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်

နေ့စဉ်နဲ့အမျှ ကိုယ့်အကြောင်းတွေ သူများသိနေပြီး ကိုယ့်ကို စုံစမ်းထောက်လှမ်းမယ့်သူ အရင်တုန်းကဆိုရင် တော်တော်ကြီး အားထုတ်ရတယ်။ အခုဆိုရင် Facebook ကို ကြည့်လိုက်ရင် ဒီလူဘာလဲ သူပြောတဲ့စကားတွေ သူရေးတဲ့စာတွေကို ကြည့်လိုက်တာနဲ့ သူဘယ်လိုဖြစ်နိုင်တယ်ဆိုတာကို ချက်ချင်း သိလွယ်တယ်ပေါ့နော်။ ဆိုတော့ အဲဒီ Privacy နဲ့ Security ကို ဘယ်လိုထိန်းညှိမလဲ။

ဦးနေဘုန်းလတ်

ရန်ကုန်တိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စားလှယ်

ခုနကပြောသလို Data အချက်အလက်တွေမှာ ဘယ်ကောင်ကတော့ Public လုပ်သင့်တာလဲ ဘယ်ကောင်က Private ထားသင့်တာလဲ ကိုယ့်ဘာသာကိုယ် ခွဲဖို့လိုတာပေါ့နော်။ ပထမဦးဆုံး နာမည်နဲ့ ဓာတ်ပုံကတော့ အကောင့်ဖွင့်ကတည်းက ပါသွားပြီ။ ပြီးတဲ့အခါမှာ ဖုန်းနံပါတ်တွေ ထပ်ပေးဖြစ်ကြတယ်။ Public လုပ်ထားတဲ့ Post အောက်မှာ ဖုန်းနံပါတ် လာတောင်းကြတာတွေ တချို့ဆိုရင် ရှိတယ်။ ဖုန်းလေးပျောက်သွားလို့ ဖုန်းနံပါတ်တွေ ပေးကြပါဦးဆိုပြီးတော့ အောက်မှာ ပျော်ပျော်ကြီး တန်းစီပြီးတော့ ပေးကြတယ်။ အဲဒါ အကုန်လုံး ဖုန်းနံပါတ်တွေအကုန်လုံး Public လုပ်ပစ်လိုက်တဲ့သဘောမျိုး။ ပြီးရင် နောက်တစ်ခုရှိတာက အိမ်နံပါတ်တွေပါ ထပ်ပြီးတော့ ပေးဖြစ်ကြတယ်။ ကွန်းမန့်တွေကနေ ပေးတာပဲ။ အဲဒါဆိုရင်ပဲ ကိုယ့်ရဲ့ Private Data တွေ လေးခုပါသွားပြီ။ နောက်ဆုံး ဒေတာက ဒီနေ့ အိမ်မှာ တစ်ယောက်တည်းတို့ ဘာတို့ဆိုရင် ပြီးရောပဲ။ အန္တရာယ်ကို ဖိတ်ခေါ်သလိုပဲ။ ဒီလိုမျိုးကိစ္စတွေက ကိုယ့်ဘာသာကိုယ် ခွဲခြားဖို့လိုပါတယ်။ နောက်တစ်ခုက Post တစ်ခုကို တင်တဲ့အခါမှာ Down Arrow လေးရှိတယ်။ အဲဒါလေးကိုကြည့်ကြည့်လိုက် Public လုပ်မှာလား၊ Only me လုပ်မှာလား၊ Friends Only လား စသဖြင့် ဒါမျိုးလေးတွေရှိတယ်။ တစ်ခါတစ်လေကျတော့ စဉ်းစားသင့်တယ် ငါ ဒီပို့စ်က အကုန်လုံးကို ချပြသင့်တဲ့ပို့စ်လား ဒါမှမဟုတ် ငါ့သူငယ်ချင်းတွေပဲ သိသင့်တာလား၊ စသဖြင့် ဒါမျိုးလေးတွေကို ပြန်ပြီးတော့ စဉ်းစားသ့င်တယ်ပေါ့နော်။ အဲလိုစဉ်းစားပြီးတော့မှ လုံခြံုလိမ့်မယ်။ ကျွန်တော်တို့ ကိုယ့်လုံခြံုရေးက Digital Security ပေါ့။

နောက်တစ်ခုက ကျွန်တော်ပြောချင်တာက ဟုတ်ပြီ Public လည်း မလုပ်ထားဘူးနော်၊ Only me လုပ်ထားလို့လည်း လုံခြံုတယ်မထင်နဲ့ ကျွန်တော်တို့တင်သမျှ ဒေတာတွေအကုန်လုံးက Facebook Server ထဲမှာ အကုန်လုံး ရောက်သွားတာ။ ကျွန်တော်တို့ အွန်လိုင်းမှာ နှိပ်သမျှတွေအကုန်လုံးက တစ်နေရာသွားရင် ခြေရာကျန်သလိုပဲ ကျွန်တော်တို့ အွန်လိုင်းမှာ ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့် ဟိုုဟာနှိပ် ဒီဟာနှိပ် အကုန်လုံးက Facebook ရဲ့ သူ့ဆာဗာထဲမှာ အကုန်ကျန်တယ်။ အကယ်လို့များ ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ဘူး ကိုယ့်ရဲ့ ကလစ်တစ်ချက်က ဟိုမှာ နိုင်ငံတော်ပုန်ကန်မှုနဲ့ ငြိတယ်ဆိုရင် အဓိကခြေရာခံပြီးလိုက်ရင် ကိုယ်ပါပါမှာ။ အဲတော့ ဆိုလိုတာက ဘယ်ဟာကိုမှ ပေါ့သေးသေးထားလို့မရဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အရာရာကို သတိထားပြီးတော့ လုပ်သင့်တယ်၊ လက်လွတ်စပယ် မလုပ်သင့်ဘူးပေါ့။

ဒေါ်မွန်မွန်မြတ် (ဒါရိုက်တာ)

လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်

ဟုတ်ကဲ့။ အဲဒါလေးတွေကတော့ တော်တေ်ာများများ Details သိဖို့က တော်တော်ခက်တဲ့ကိစ္စတွေပေါ့။ Digital Full Print ကိစ္စတွေ Digital Security ကိစ္စတွေကတော့ တော်တော် ကျယ်ကျယ်ပြန့်ပြန့်ကို လူတော်တော်များများ သိဖို့လိုတယ်။ မီဒီယာတွေအနေနဲ့ရော အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ရေးကြတာတွေ Awareness မြင့်တာတွေ ဆိုရှယ်မီဒိယာနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေပေါ့နော် အဲဒါတွေရော ရှိပြီလားမသိဘူး။ အဲဒါနဲ့ပတ်သက်ပြီးတော့ရော ......

မတူးတူးသာ (အယ်ဒီတာချုပ်)

သန်လျင်ပို့စ် ဂျာနယ်

ကျွန်မတို့သိထားသလောက်ကတော့ မီဒီယာတွေက ဒီဟာကို Awareness လုပ်တာ နည်းနည်းတော့ အားနည်းတယ်။ အပြင်မီဒီယာတွေကပေါ့လေ။ အားနည်းတဲ့အပြင်ကို တချို့တွေ့တာက ဆိုရှယ်မီဒီယာကတွေ့တဲ့ တချို့ဆိုရင် မူပိုင်ခွင့်ချိုးဖောက်တာတွေက မီဒီယာကြီးတွေကိုယ်တိုင်တောင်မှ လုပ်တာမျိုးတွေ၊ အလွယ်တကူချိုးဖောက်တာမျိုးတွေလည်း ဖြစ်ရင်ဖြစ်မှာပေါ့လေ။ သူများရဲ့မူပိုင်ခွင့် သူများရဲ့ဓာတ်ပုံတွေကို ယူသုံးပြီး ကိုယ့်ပုံလုပ်လိုက်တာက အဲဒါမျိုးတွေ တချိုကဆိုရင် မီဒီယာကြီးတွေကိုယ်တိုင်က အဲလိုမျိုးတွေ လုပ်နေတာကို တွေ့ရတယ်။ Copy , Past လုပ်ပြီးတော့ပေါ့ တကယ်ဆိုလို့ရှိရင် Share တာမဟုတ်ပဲနဲ့ Credit လည်းမပေးဘူး။ အဲတော့ ကျွန်မထင်တယ် ဒီမီဒီယာကြီးတွေကိုယ်တိုင်က Awareness က လိုသေးတယ်လို့ထင်တယ်။ ဒီ ကျန်တဲ့ Public လို Social Network နဲ့ပတ်သက်ပြီးတော့ Awareness ပေးတာကတော့ ဒီမီဒီယာပိုင်းမှာ တော်တော်ကြီးကို အားနည်းနေသေးတယ်။ တကယ်ဆိုရင်တော့ ပေးသင့်တယ်ပေ့ါနော်။ ကိုယ်ကိုယ်တိုင်လည်း ဒီဟာကို လိုက်နာသင့်သလို အခြားသူကိုလညး် ပြန်ပြီးတော့ ပေးသင့်တယ်လို့တော့ ထင်တာပဲ။

ဒေါ်မွန်မွန်မြတ် (ဒါရိုက်တာ)

လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်

ကိုစိုပြေအနေနဲ့ရော အဲဒီအပေါ်မှာ ဘယ်လိုမျိုး ဆွေးနွေးပေးစေချင်လဲ။

ကိုစိုပြေ (စာရေးဆရာ)

ကျွန်တော်အနေနဲ့ကတော့ မီဒီယာတွေမှာပေါ့နော် Print မှာပဲ အဲလိုမျိုး အကြံညဏ်တွေပေးတာထက်စာရင် အွန်းလိုင်းမှာပဲ ပိုလုပ်တာ ကောင်းမယ်လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်ပိုင်းကျတော့ Print ဘက်ကို ဖက်တဲ့သူက လူတန်းစားသပ်သပ် ဖြစ်သွားတယ်။ ဘယ်လိုပြောမလဲ Social Network ကိုသုံးတဲ့သူတွေက လူတန်းစားသပ်သပ် ဖြစ်သွားတယ်။ အဲဒီ လူတွေကလည်း အပြင်ကဂျာနယ်တွေကို ဖတ်တာနည်းတယ်လေ။ အဲလိုမျိုးလည်း ရှိပါတယ်။

ဒေါ်မွန်မွန်မြတ် (ဒါရိုက်တာ)

လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်

အဲတော့ ဘယ်လိုပြောမလဲ ဂလိုဘယ်လိုက်ဇေးရှင်း အဆင့်ကနေ ဒီဂျစ်တယ်လိုက်ဇေးရှင်း အဆင့်ကို ရောက်သွားပြီပေါ့နော်။ ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်ကျော်ကျော်လောက်က ဆိုရှယ်မီဒီယာပေါ်မှာ ရောက်နေပြီလို့တောင် ပြောကြပါတယ်။ အဲတော့ ရှောင်လို့လည်းမရဘူးပေါ့နော်။ မသုံးပဲနဲ့ ပစ်ထားလိုက်လို့လည်း မရဘူးပေါ့နော်။ ပြီးတော့ ဆိုရှယ်မီဒီယာက Social Network က ဒီအပေါ်မှာ တင်တဲ့သတင်းတွေက Common Language လိုဖြစ်နေတယ်။ ကျွန်မ ဒီနေ့ ရန်ကုန်မှာနေပေမယ့် နောက်နေ့ တစ်နေရာကို သွားလိုက်တယ်ဆိုရင် အဲဒီတစ်နေရာ လက်ဘက်ရည်ဆိုင်မှာ ထိုင်လိုက်တယ်ဆိုရင် အဲမှာပြောတဲ့စကားက အတူတူပဲ တစ်ဝိုင်းလုံးကလူတွေက သိနေတယ် ကိုယ်ပြောတဲ့စကား စီးပွားရေး ဘယ်သတင်းမဆို အကုန်လုံးက သိနေတယ်။ ဆိုတော့ ဒီ Social Network ကိုက ကျွန်မတို့ရဲ့ ဘာသာစကားတစ်ခု ဖြစ်လာတယ်ပေါ့နော်။ Main Stream တော့ မဟုတ်သေးဘူး။ ဒါပေမယ့်လည်း Common အသုံးများတဲ့ ဘာသာစကားတစ်ခုလို ဖြစ်လာတယ်။ လူတွေက ကိုယ့်ရဲ Space ကို ဒီအပေါ်မှာ ရှာဖွေနေတဲ့သူတွေလည်း အများကြီးရှိတယ်ပေါ့နော်။ Trend တစ်ခု ဖြစ်လာတာပေါ့နော်။ အဲတော့ အဲဒီ Trend တစ်ခု ဖြစ်လာတာနဲ့အညီ နောက်ကနေပါလာတဲ့ သူ့ရဲ့ ကောင်းကျိုးတွေ ဆိုးကျိုးတွေ ရှိတယ်။ အဲဒီအခါမှာ ဒီကောင်းကျိုး ဆိုးကျိုးနဲ့ပတ်သက်ပြီးတော့ တာဝန်ရှိလာတာက ဒီ သက်ဆိုင်ရာ တာဝန်ရှိသူတွေမှာ တာဝန်ရှိလာပြီ အစိုးရတွေ ရဲတပ်ဖွဲ့တွေမှာ တာဝန်ရှိလာတယ်ပေ့ါ။ စောစောကပြောတဲ့ ဒီအပေါ်ကနေ ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ရာ လွယ်ကူလာတယ်ပေါ့နော်။ အဲဒါနဲ့ပတ်သက်ပြီးတော့ Law and Forcement တွေလုပ်ဖို့အတွက် ကြိုးစားနေတယ်လို့လည်း သိရတယ်ပေါ့နော်။ ကိုနေဘုန်းလတ်တို့လို လွှတ်တော်အမတ်တစ်ယောက်အနေနဲ့ ဒီ ဆိုရှယ်မီဒီယာအပေါ်မှာ ဖြစ်လာတဲ့ အမုန်းစကားတွေနဲ့ ပတ်သက်တာတွေ ဒါတွေကို ဘယ်လိုတွေ ထိန်းသိမ်းကြမလဲဆိုပြီး ဥပဒေတွေ ရေးဆွဲဖို့ကြံနေတာ ဆွဲနေတယ်ဆိုတာလည်း ကြားပါတယ်။ အဲဒါလေးကိုလည်း နည်းနည်းလောက် မျှဝေပေးပါဦး

ဦးနေဘုန်းလတ်

ရန်ကုန်တိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စားလှယ်

အရင်တုန်းက ဒီ IT Social Network နဲ့သက်ဆိုင်တဲ့ အမှုကိစ္စတွေဆိုရင် ကျွန်တော်တို့က ဥပဒေတွေက ဘာရှိလဲဆိုတာကို Electronic Translation တွေတော့ ရှိတယ်ပေါ့နော်။ ကျွန်တော်တို့ဆိုရင် အဲဒီ Law နဲ့ ထောင်ကျခဲ့တာပေါ့နော်။ ဒါက အရင်အစိုးရလက်ထက်မှာ။ နောက်ပြီးတော့ သမ္မတကြီးဦးသိန်းစိန်လက်ထက်မှာကျတော့ နောက်ထပ် လောတစ်ခု ထပ်ဖြစ်လာရော။ အဲဒီ်ကျတော့ တယ်လီနောတို့ အူရီဒူးတို့ ဝင်လာတဲ့နောက်မှာပေါ့နော်။ အဲဒီနှစ်ခုကတော့ အခု ရှိနေတယ်ပေ့ါနော်။ အဲတော့ ရှိရင်းစွဲ အဲဒီနှစ်ခုကိုယ်တိုင်ကိုက အများကြီး ကျွန်တော်တို့ ပြင်ဖို့လိုသေးတယ်။ နောက်ပြီးတော့ အဲဒီနှစ်ခုတည်းနဲ့လည်း မလုံလောက်ပြန်ဘူး။ ကျွန်တော်တို့ ဒီ ဆိုက်ဘာလောလိုဟာမျိုးပေါ့နော် နည်းပညာကိုသုံးပြီးတော့ ပြစ်မှုကျူးလွန်ရင် ဆိုက်ဘာ Crime လို့ခေါ်တာပေါ့နော်။ အဲတော့ ဆိုက်ဘာခရိုင်းကို ကျွန်တော်တို့ အပြစ်ပေးဖို့အတွက် ကျွန်တော်တို့ ဒီဘက်က ဆိုက်ဘာလောဆိုတာမျိုး ထပ်ရှိဖို့လိုတယ်။ ဒါဆိုလည်း ဒီ ဆိုက်ဘာလောတို့ အမုန်းစကားတွေနဲ့ပတ်သက်လို့ ဥပဒေတွေလည်း ရေးဆွဲနေပြီလို့တော့ ကြားတယ်ပေ့ါနော်။ ဒါပေမယ့် ကြားရတဲ့သတင်းကတော့ သာသနာရေးဝန်ကြီးဌာနက ရေးနေတယ်ဆိုတာမျိုး ကြားတယ်။ အဲဒါကြီးကတော့ နဲနဲ မဟုတ်သေးဘူး လွဲနေတယ်ပေါ့နော်။ ပြောချင်တာက လောတွေ အသစ်တွေ ရှိဖို့လိုတယ်။ ဒါပေမယ့် အဲဒီဥပဒေတွေကို ရေးတဲ့အခါမှာ ကျွန်တော် တကယ် ဒါကကျတော့ နည်းပညာနဲ့ ဆက်စပ်တဲ့ ဥပဒေတွေ ဖြစ်နေတဲ့အခါကျတော့ တကယ်နားလည်တက်ကျွမ်းတဲ့ Input တွေပေါ့နော် အကြံညဏ်တွေ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို ပါအောင် ဝိုင်းဆွေးနွေးပြီးတော့မှ လုပ်သင့်တယ်။ အဲဒီလိုမဟုတ်ပဲနဲ့ ဝန်ကြီးဌာနတစ်ခုကနေ ဆွဲလိုက် အဲဒါကို လွှတ်တော်ကလည်း သိပ်မသိပဲနဲ့ အတည်ပြုလိုက်ဆိုရင် ကျွန်တော်တို့က အဲဒီဥပဒေတစ်ခုအောင်မှာ လူတွေနေတဲ့အခါမှာ ကျွန်တော်တို့ ကောင်းကျိုးထက် ဆိုးကျိုးတွေ ပိုပြီးတော့ များနိုင်တယ်။

အဲဒီ ဥပဒေတွေကို ကျွန်တော်က အသစ် ရေးဆွဲစေချင်တယ်။ နောက်တစ်ခုက ဥပဒေတွေနဲ့တင် မပြီးပြန်ဘူး ဥပဒေကို ရေးတဲ့အခါမှာ ရဲတွေ အရေးကြီးလာတယ်၊ တရားရုံးတွေ အရေးကြီးလာတယ်၊ အဲတော့ ကျွန်တော်တို့ရဲတွေက IT ကို ဘယ်လောက်သိပြီလဲပေါ့၊ ကျွန်တော်တို့ရဲ့ တရားသူကြီးတွေ ရှေ့နေတွေက အိုင်တီကို ဘယ်လောက်သိပြီလဲပေါ့ ဒါတွေကိုပါ ဆက်သွားဖို့လိုတယ်။ ခုနကလိုမျိုး ဥပဒေတွေထွက်လာတယ် ဒီဘက်က တရားရေးဌာနတို့ ရဲဌာနတို့ကို ကျွန်တော်တို့ Capacity Building မလုပ်နိုင်ဘူးဆိုရင်လည်း ကျွန်တော်တို့ ဘာမှမထူးဘူး။ အဲတော့ ဒီ process ကြီက ကျွန်တော်ထင်တာကတော့ ၃ ခုကို တစ်ပြိုင်တည်းသွားရမယ်။ ကျွန်တော်မြင်နေသလောက်တော့ တော်တော်အားနည်းတယ်။ ကျွန်တော်ဆိုရင် အီလက်ထရွန်းနစ် Transition Law နဲ့ ကျွန်တော်ကို အမှုစစ်တယ်။ လော်ရာတွေရော ရှေ့နေတွေရော အမှန်တိုင်းပြောရင် အိုင်တီနဲ့ပတ်သက်ပြီးတော့ ဘာမှမသိဘူး။ အဲတော့ ဘယ်လို adjust လုပ်မလဲ။ တရားသူကြီးဆိုတာ ကိုယ်တစ်ခုခုကို ဆုံးဖြတ်မယ်ဆိုရင် ဒီကိစ္စကို သေသေချာချာ သိထားဖို့လိုတယ်။ မသိတဲ့အခါမှာ ဒီဟာကို ဘယ်လိုမှ မှန်မှန်ကန်ကန် မဆုံးဖြတ်နိုင်ဘူး။ အဲတော့ အဲဒီ သုံးဆင့်လုံးကို သွားဖို့အတွက် ကျွန်တော်ကတော့ တော်တော်လေး အချိန်လိုသေးတယ်လို့ ထင်ပါတယ်။

ဒေါ်မွန်မွန်မြတ် (ဒါရိုက်တာ)

လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်

အဲတော့ တချို့ကလည်း ဥပဒေနဲ့ပတ်သက်ပြီးတော့ လိုအပ်တယ်လို့ ပြောတာရှိတယ်။ ဒါပေမယ့် တစ်ပြိုင်တည်းမှာပဲ လူ့အခွင့်အရေးအခြေခံ နဲ့ပတ်သက်လို့ ဒီဟာတွေက ဒီ ဆိုက်ဘာပေါ်မှာ လွတ်လပ်စွာ သုံးနိုင်တယ်ဆိုတော့ ဒီဟာကိုလည်း ထိ်န်းချုပ်တာမျိုး ဖြစ်မှာလည်း စိုးတယ်ပေါ့နော်။ ဆိုတော့ အဲဒီ ဥပဒေတွေများ ပြဌာန်းလိုက်ပြီဆိုရင် အဲဒီ ကျွန်မတို့ အခြေခံလူ့အခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာ ပြောရေးဆိုခွင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့် အဲဒါတွေနဲ့ပတ်သက်ပြီးတော့ ဘယ်လိုများ ထိခိုက်မှုတွေ ရှိလာနိုင်မယ်လို့ ထင်ပါသလဲ။

မတူးတူးသာ (အယ်ဒီတာချုပ်)

သန်လျင်ပို့စ် ဂျာနယ်

လိုတော့လိုအပ်တာပေါ့နော်။ ဒါပေမယ့် အကန့်အသတ် ရှိသင့်တယ်လို့တော့ ထင်တယ်။  ကျွန်မကတော့ ဥပမာအနေနဲ့ ပေးရမယ်ဆိုလို့ရှိရင် မြန်မာပြည်မှာ လော်စပီကာဥပဒေရှိတယ်။ ဒါပေမယ့် အသက်မဝင်ဘူး။ အသက်မဝင်တဲ့အခါကျတော့ ငါတို့ လွတ်လပ်စွာ ဖွင့်ခွင့်ရှိတယ်ဆိုပြီးတော့ တစ်ဖက်သားကို နားဒုက္ခပေးတာပေါ့နော။် ဒါက ဥပမာပေးတာပါ။ ဒါမျိုးကတော့ မဖြစ်သင့်ဘူးပေါ့။ ဒါကို ကျွန်မတို့က သွားပြီးတော့ လွတ်လပ်စွာ ကထိန်ခင်းတာပဲ ငါတို့ဖွင့်တယ် ဘာဖြစ်လဲဆိုပြီးတော့ ပတ်ဝန်းကျင်ထိခိုက်တာမျိုးက လုပ်လို့မရဘူးလေ။ တကယ်လို့ အသံချဲ့စက်ဥပဒေ အတည်ဖြစ်သွားလို့ရှိရင် ဒါကို ပြန်ပြီးတော့ ဒီဟာနဲ့ ပြန်ထိန်းချုပ်သင့်တယ်လို့ ကျွန်မ ထင်ပါတယ်။ အဲလိုပဲ ခုနကပြောတဲ့ ဆိုက်ဘာလော တို့ဘာတို့ကလည်း တကယ်ရှိသင့်တယ်။ ဘာကြောင့်လဲဆိုတော့ ခုနကပြောတဲ့ လွတ်လပ်စွာ ပြောခွင့်ရှိတယ်ဆိုတာ လွတ်လပ်စွာ ထုပ်ဖော်ခွင့် ပြောခွင့်တော့ ရှိတယ်။ ဒါပေမယ့် တစ်ပါးသူကိုတော့ လွတ်လပ်စွာ စော်ကားခွင့်တော့ မရှိဘူး။ လူ့အခွင့်အရေး အခြေခံဖြစ်တဲ့ ဒီမိုကရေစီအခြေခံဖြစ်တဲ့ လူ့အခွင့်အရေးကိုတော့ သွားပြီးတော့ ထိခိုက်လို့တော့မရဘူး။ အဲဒီဟာမျိုးအတွက် နောက် ခုနကပြောတဲ့ ဥပဒေတွေကတော့ လိုကိုလိုတယ်လို့တော့ ထင်တယ်။ ဒါတွေရှိမှသာလျင် တကယ်ကိုစစ်မှန်တဲ့ တကယ်ကို နားလည်တက်ကျွမ်းတဲ့သူတွေနဲ့ လုပ်ထားတဲ့ ချမှတ်ထားတဲ့စည်းကမ်းတွေပေါ့ ဒါတွေနဲ့ ပြန်ထိန်းချုပ်မှသာလျင် သူက လုပ်လို့ရမယ်လို့ ထင်တယ်။ အခု ဒီဥပဒေတွေ မရှိသေးပေမယ့်လည်း တရားစွဲတဲ့ဟာမျိုးတွေပေ့ါ ဒီဟာမျိုးတွေ ရှိလာပြီဆိုတော့ လုပ်လာနိုင်ပြီလေ။ ပိုပြီးတော့ ဒါလေးတွေနဲ့ ပြန်ထိန်းချုပ်မယ်ဆိုရင် လူငယ်တွေကြားထဲမှာလည်း ကျွန်မထင်တယ် အရမ်း အမုန်းစကားတွေပေါ့ အဲဒီ အမုန်းစကားတွေက တော်တော်ကြီးကို ဆိုးရွားနေတာ ကျွန်မ တွေ့ရတယ်။ အဲဒါတွေနဲ့ ပြန်ထိန်းချုပ်သင့်တယ်လို့ ကျွန်မထင်ပါတယ်။

ကိုစိုပြေ (စာရေးဆရာ)

ကျွန်တော် ကြားထဲကနေ ဖြတ်ပြောချင်တာပေါ့နော် တစ်ချို့ဟာတွေက ဥပဒေတွေနဲ့ ထိန်းချုပ်တာထက်စာရင် ကျွန်တော်တို့ ကိုယ့်ပတ်ဝန်းကျင်နဲ့ ထိန်းချုပ်တာက ပိုပြီးတော့ ကောင်းတယ်။ ကိစ္စတိုင်းကို အစိုးရကို စော်ကားတဲ့တိုင်းကို ကျွန်တေ်ာတို့က လိုက်ပြီးတော့ တရားစွဲပြီးတော့ ထောင်ချမယ်ဆိုရင် ဒါက မဖြစ်တော့ဘူးလေ။ ပြည်သူတွေ ထိတ်လန့်သွားမယ်။ မပြောရဲမဆိုရဲ ဖြစ်သွားမယ်။ အခုဆိုရင်လည်း မြဝတီမှာ တစ်ယောက်ပေါ့လေ သမ္မတကို စော်ကားလို့ဆိုပြီးတော့ ထောင် ကိုးလကျသွားတာ ရှိတယ်။ အခုရက်ပို်င်းလေးမှာပါပဲ။ အဲလိုမျိုးလေးတွေကျတော့ ကျွန်တော်တို့ ကြားထဲမှာ ကြောက်လာတာပေါ့။ ငါများပြောလိုက်ရင် ဘာများဖြစ်လာမလဲပေါ့ အဲဒါမျိုးလေးတွေကလည်း ရှိပါသေးတယ်။ အဲတော့ သူက ဒီလိုပြောတဟုတ်တယ်၊ ဒါပေမယ့် လူတိုင်းကတော့ အဲလိုပြောမှမဟုတ်ဘူး လူတိုင်းကတော့ စော်ကားနေမှာမဟုတ်ဘူး။ ဒီ ဘေးကလူတွေက ပြန်ပြီးတော့ ပြန်ထိန်းရမှာပဲလေ။

ဒေါ်မွန်မွန်မြတ် (ဒါရိုက်တာ)

လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်

ဟုတ်ကဲ့ပါ ကျေးဇူတင်ပါတယ်။ ဒီနေ့ဆိုရင် ကျွန်မတို့ လူငယ်နဲ့ ဆိုရှယ်မီဒီယာကို ဆွေးနွေးခဲ့ကြတာ တော်တော်လေးလည်း စုံသွားပြီး လူငယ်တွေနဲ့ပတ်သက်တဲ့ သတိထားရမယ့်အချက်တွေ မိဘတွေအနေနဲ့ ကလေးတွေကို ဘယ်လိုမျိုး လုံခြံုစိတ်ချအောင် ထားကြမလဲ အမျိုးသမီးတွေအတွက် Digital Security ဘယ်လိုထားသင့်သလဲ ဆိုတဲ့ အချက်အလက်တွေ နောက် ဥပဒေကိစ္စတွေနဲ့ ပတ်သက်လို့ ကျွန်မတို့ ဆွေးနွေးခဲ့ကြပြီပေါ့နော်။ အဲတော့ ဒီလိုမျိုး ဆွေးနွေးပေးသွားကြတဲ့ ကျွန်မတို့ရဲ့ မိတ်ဆွေများကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ကျွန်မတို့ကို ဝင်ရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့ Mizzima Dialouge TV Show အစီအစဉ်ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

အပိုင်း( ၁) ကို အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည်။ http://www.mizzimaburmese.com/article/20602
အပိုင်း( ၂ ) ကို အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည်။ http://www.mizzimaburmese.com/article/20631

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly