အိန္ဒိယတွင် ပြည်နယ်ဝန်ကြီးချုပ်၏ ကျည်ကာရေချိုးခန်းများပါ ဒေါ်လာ ခုနစ်သန်းကျော်တန် အိမ်ကြောင့် စိတ်ဆိုးဒေါသထွက်

အိန္ဒိယတွင် ပြည်နယ်ဝန်ကြီးချုပ်၏ ကျည်ကာရေချိုးခန်းများပါ ဒေါ်လာ ခုနစ်သန်းကျော်တန် အိမ်ကြောင့် စိတ်ဆိုးဒေါသထွက်

နယူးဒေလီ၊ နိုဝင်ဘာ ၂၆ ။             ။ အိန္ဒိယနိုင်ငံ တီလန်ဂါနာပြည်နယ်ဝန်ကြီးချုပ်က ကျည်ကာရေချိုးခန်းများပါ နန်းတော်သမျှထည်ဝါသည့် အိမ်ကြီးရခိုင်သို့ ပြောင်းရွှေ့နေထိုင်ခြင်းကြောင့် အခွန်ထမ်းပြည်သူများအတွက် စိတ်ဆိုးဒေါသထွက်စေခဲ့သည်။

ဟိုင်ဒရာဘတ်မြို့တွင် တည်ရှိသည့် ယင်းအိမ်ကြီးမှာ ခြံဝင်းအကျယ် စတုန်းရန်းပေ တစ်သိန်းပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။

အိမ်ကြီးတွင် ကျည်ကာရေချိုးခန်းများ၊ လူ ၂၅၀ ဆံ့ ဇာတ်ရုံနှင့် လူ ၅၀၀ ဝင်ဆံ့ဟော အစည်းအဝေးဟောခန်းတစ်ခန်းတို့ပါဝင်သည်။

အိမ်ပိုင်ရှင် ပြည်နယ်ဝန်ကြီးချုပ် ချန်ဒရာရှိတ်ခါ ကိုးကွယ်ဆည်းကပ်သည့် ဂုရုက ယင်းအိမ်ကို သိဒ္ဓိတင်ပေးခဲ့သော်လည်း ကျည်ကာရေချိုးခန်းများ ပါခြင်းကို လှောင်ပြောင်သရော်မှုများလည်း ပျံ့နှံ့နေတော့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags