စိတ်ဝင်စားဖို့ကောင်းတဲ့ ငါးမွေးမြူရေးနဲ့စိုက်ပျိုးရေး တွဲဖက်နည်းပညာ

25 November 2016
စိတ်ဝင်စားဖို့ကောင်းတဲ့ ငါးမွေးမြူရေးနဲ့စိုက်ပျိုးရေး တွဲဖက်နည်းပညာ
 

နေ့စဉ်အစားအသောက်များဖြစ်တဲ့ ဟင်းသီးဟင်းရွက်များ သစ်သီးဝလံများဟာ ပိုးသက်ဆေးအမျိုးမျိုး ဓါတုဗေဒ ဆေးအမျိုးမျိုးကိုအသုံးပြပြီး ထုတ်လုပ်လျက်ရှိကြပါတယ်။ ဒါကြောင့် စားသုံးသူများ   ဘေးအန္တရာယ်မရှိစေဘဲ လုံခြံုစိတ်ချစွာ စားသုံးနိုင်ရန် Organic သီးနှံ့များကိုလည်း စိုက်ပျိုးထုတ်လုပ်လျက် ရှိပါတယ်။ ဒါကြောင့် ယခုအခါမှာဆိုရင်တော့ Organic သီးနှံများကို တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်လာနိုင်တာကိုလည်း တွေ့ရပါတယ်။ Aquaponics စိုက်ပျိုးရေးစနစ်ဟာဆိုရင်တော့ ငါးနဲ့ ဟင်းသိီးဟင်းရွက်ကို ပေါင်းစပ် စိုက်ပျိုးမွေးမြူတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ ဘယ်နေရာမဆို စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးရန် မြေနေရာအခက်အခဲ ရှိသူများပင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်တဲ့ နည်းစနစ်တစ်ခုပဲ ဖြစ်ပါတယ်။

Organic ဆိုတာဟာ ပိုးသက်ဆေး ဓါတုဗေဒဆေး လုံးဝမသုံးစွဲပဲ အစကနေအဆုံးအထိ သဘာဝတရားကို အခြေခံပြီး စားသုံးသူရော ပတ်ဝန်းကျင်ကိုပါ အန္တရာယ်မဖြစ်စေပဲ လုံခြံုစိတ်ချစွာ စားသုံးနိုင်ရန်အတွက် ထုတ်လုပ်သော ထုတ်လုပ်မှုတစ်ခုကို ဆိုလိုပါတယ်။ စားသုံးတဲ့အခါမှာ လုံခြံုစိတ်ချစွာ အန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရန်အခြေခံပြီး ငါးမွေးမြူရေးနဲ့ စိုက်ပျိုးရေုးကို တွဲဖက်ထားသော Aquaponics စိုက်ပျိုးရေးနည်းစနစ်ကို ရွှေပြည်သာမြို့နယ်၊ လှောကား တာဂွလမ်းဆုံက စိုက်ပျိုးမွေးမြူရေးကို ကိုယ်တိုင်လုပ်ပြီး သုတေသနလည်းလုပ်နေတဲ့ ဆရာ စောအယ်မူးက  အခုလို ရှင်းလင်း ပြောပြခဲ့ပါတယ်။

“ ဒီမှာဆိုရင် ကျွန်တော်တို့က Paper ပုံးတွေပေါ့။ ဒီပုံးတွေက သုံးပြီးသားပစ္စည်းတွေပဲ၊ ကျွန်တော်တို့ Reduce ပြန်လုပ်တာပေ့ါနော်။ ဒါက ကျွန်တော်တို့ ကုန်ကျစရိတ်က တစ်ခြမ်းကို တစ်သောင်း   ပေးရတယ်။ ဒီမှာ ကျွန်တော်တို့ Process က ရေအောက်ကို တဖြည်းဖြည်းချင်း ရေက အမြစ်က ရေရနေမယ်။ ဖြည်းဖြည်းချင်း ရေကငါးကန်ထဲကို ပြန်စီးဆင်းဖို့အတွက် ပိုက်ဆက်လေးတွေကို   ပြန်သုံးပြီးတော့မှ စီးဆင်းသွားတဲ့နည်းလေးကို ကျွန်တော်တို့ ပြန်လည်တပ်ဆင်ပေးတယ်။ ပြီးရင် ရေလျံပေါက် ကျွန်တော်တို့ ရေက ရေလျံပေါက်ကို ရောက်လာတဲ့အခါမှာ သူ့ဘာသာသူ Over Flow ဖြစ်ပြီးတော့မှ အပြင်ကို စီးဆင်းသွားမယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ငါးကန်ကလာတဲ့ရေက အပေါ်မျက်နှာပြင်ကို မရောက်တဲ့အတွက်   နေရောင်ခြည်နဲ့ ထိပြီးတော့မှ ရေညှိတွေ   ပေါက်ဖွားလာပြီးတော့မှ ပိတ်ပြီးတော့မှ အောက်ဆီဂျင်ပတ်သွားတာမျိုး မဖြစ်တော့ဘူးပေါ့နော်။ အဲဒါမျိုးလေးကို ကျွန်တော်တို့လုပ်ထားတယ်။ ကြားခံပစ္စညး်အသုံးပြုတဲ့အခါမှာ ကိုယ့်ဒေသတွင်းမှာ လွယ်လွယ်ကူကူ အသုံးပြုလို့ရပြီးတော့မှ တွေ့ရတဲ့ ကျောက်စရစ်တွေကိုသုံးတယ်။

ကျောက်စရစ်မှာမှ ကျွန်တော်တို့ အမျိုးအစားတွေ ပြန်ခွဲလိုက်တယ်။ ပါလာမယ့် ငါးအညစ်အကြေးတွေ ငါးချေးတွေကို ကျွန်တော်တို့ ဒီမှာပဲ ကျန်ခဲ့အောင် အပင်တွေရဲ့ အမြစ်မှ ဒါတွေကို ကျန်ခဲ့အောင် ကျောက်စရစ် အကြီးတွေကို အောက်မှာထားတယ်။ ပြီးတော့မှ အသေးတွေကို အပေါ်မှာထားတယ်။ အသေးကို အပေါ်မှာထားခြင်းက ဘာလဲဆိုရင် အပင်စိုက်တဲ့အခါမှာ ပိုပြီးတော့မှ လွယ်ကူတယ်ပေ့ါနော်။ ကျောက်စရစ်အသေးလေးတွေက ရေ စိမ့်ဝင်စီးဆင်းမှုကို ရေစုပ်မယ့်နေရာလေးတွေကို ပြန်ပြီးတော့ အုံပေးရတယ်။ အဲဒါပြီးတော့မှ ကျန်တဲ့ ကျောက်တွေကို   လောင်းထည့် တယ်။ ကျောက်ခဲထည့်တဲ့အခါမှာလည်း ကျောက်တွေကို ရေလျံပေါက်ရဲ့ အပေါ်မှာ တစ်လမလောက် ရှိနေရမယ်။ အဲဒါဆိုရင် ကျွန်တော်တို့စိုက်မယ့် အပင်ရဲ့ အမျိုးအစားနဲ့ အနေအထားကို မူတည်ပြီးတော့ အမြစ်ဆင်းမယ့် ဧရိယာ ဘယ်လောက်ထားမလဲဆိုတော့ အနက် ၈ လက်မလောက်ထိ ရမယ်။ ဆိုတော့ တော်တော်များများ ကျွန်တော်တို့ စိုက်လို့ရတယ်။ ဒီထဲမှာ မုံညင်း၊ စလက်၊ ပန်းဂေါ်ဖီ၊ ခရမ်းသီးတို့ အမျိုးအစား တော်တော်များများ စုံစုံလင််လင် စိုက်လို့ရတယ်။ မုန်လာဥတွေလည်း စိုက်လို့ရတယ်။ နောက်ပြီးတော့ အသုံးပြုမယ့် ငါးရေဘယ်လောက်ရှိတယ်၊ ဒီမှာဆိုရင် ငါးရေရဲ့ထုထည် ၃ အချိုး ၁ ပေါ့။ ငါးကန်ထဲမှာ ရေက သုံးပုံနှစ်ပုံ ကျန်မယ်။ တစ်ပုံက ကျွန်တော်တို့ စိုက်ခင်းထဲကို သုံးလို့ရတယ်။ အဲဒီ Ratio နဲ့ အဲဒီထုထည်ကို သုံုးပြီးတော့မှ ကျွန်တော်တို့ စိုက်ကွင်းကို ချဲ့လို့ရတယ်။

ဒီစနစ်ကို ကျွန်တော်တို့ နာမည်ပေးတာကတော့ Aquaponics ပေါ့။ Aquaponics ဆိုတာ ငါးမွေးမြူရေးနဲ့ ဟင်းသီးဟင်းရွက်ကို တွဲဖက်ပြီးတော့ စိုက်ပျိုးထားတဲ့စနစ်ဖြစ်တယ်။ ဒီစနစ်က သူ့ရဲ့ အားသာချက်က ဘာလဲဆိုရင် အပင်ကလိုအပ်တဲ့ အဟာရတွေကို ငါးကနေ စွန့်ထုတ်တဲ့ စွန့်ပစ်ပစ္စည်းပေါ့နော် ငါးအရည်လည်း ကျွန်တော်တို့ လုံလောက်စွာရတယ်။ ပြီးတော့ ဒီအပင်ကလည်း ရတဲ့ငါးအရည်ကို သူက အဟာရတွေစုပ်ယူပြီးတော့မှ ငါးအတွက် အကျိုးရှိမယ့် Oxygen တွေကို ပြန်ထုတ်ပေးခြင်းအားဖြင့် ရေနည်းနည်းလေးနဲ့ ငါးနဲ့ ဟင်းသီးဟင်းရွက်ရော တွဲဖက် ထုတ်လုပ်လို့ရတဲ့ စနစ်ဖြစ်တယ်။ ဒီစနစ်မှာတော့ အခြား ဒါတုဓာတ်မြေသြဇာတို့ ပိုးသက်ဆေးတို့ ထည့်စရာမလိုဘူးပေါ့နော်။ အခုတွေ့ရတဲ့အတိုင်းပဲ သန်သန်မာမာတွေ့တယ် ပြီးတော့မှ ကျွန်တော်တို့ တစ်ခါတည်း တစ်ကြိမ်သာ ရင်းနှီးပြီးတာနဲ့ တစ်သက်လုံး လုပ်သွားလို့ရတဲ့ နည်းစနစ်ဖြစ်တယ်။ ကျွန်တော်တို့ ပစ္စည်းတွေ မကျိုးမပဲ့ မပျက်စီးဘူးဆိုရင် အမြဲတမ်းသုံးလို့ရတယ်။ ဆိုတော့ ဒီစနစ်မှာ ကျွန်တော် အားနညး်ချက်ကတော့ ဘာလဲဆိုရင် အစဦးဆုံး ရင်းနှီးမြှုပ်နှံ့မှုက နည်းနည်းကြီးတယ်။

နောက်တစ်ခုကတော့ နည်းပညာပေါ့။ နည်းပညာကတော့ Technology မဟုတ်ပဲနဲ့ Medium Technology လေးလောက်တော့ ပါတယ်။ ဆိုတော့ ကျွန်တော်တို့ ငါးမွေးမြူရေးနဲ့ ပတ်သက်ရင် ငါးအကြောင်းသိဖို့ လိုတယ်။ ရေရဲ့ ချဉ်ဖန်ဓာတ်တွေ သိဖို့လိုတယ်။ ပြီးရင် ကျွန်တော်တို့ ဘယ်လိုပြောမလဲဆိုရင် ငါးရဲ့ အစာစားမှု အစာတွေ အပင်မှာ အပင်ရဲ့အနေအထား ပြီးတော့မှ အပင်ရဲ့ အာဟာရ စားသုံးမှု အမျိုးအစားပေါ့ အဲဒါတွေကို ကျွန်တော်တို့ နည်းနည်းလေးပေါ့ Medium Technology လေးတော့ လိုအပ်ပါတယ်။

ကျွန်တော်တို့က ကမ္ဘာ့ဆွဲအားကို ဆန့်ကျင်ပြီးတော့မှ ရေကို တင်ချဆွဲပေးခြင်း ပြီးတော့ ကမ္ဘာ့ဆွဲအားကို အခြေခံပြီးတော့မှ ရေတွေကို ပြန်ပြီးတော့မှ စီးဆင်းစေခြင်းပေါ့ အဲဒါတွေကို အခြေခံပြီးတော့ ဒီ သိပ္ပံဆိုင်ရာ အခြေခံတွေကိုတော့ သိထားရင်တော့ ကျွန်တော်တို့ တော်တော်လေး လုပ်လို့ရပါပြီ။ ပြီးရင် စက်ပိုင်းဆိုင်ရာတွေလည်း လိုအပ်တယ်။ ”

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly