အိုင်အက်စ်အစွန်းရောက်များကို ထောက်ပံ့ပေးခြင်းမရှိဟု ထိုင်းအစ္စလာမ်ဘာသာခေါင်းဆောင်များ ပြောကြား

အိုင်အက်စ်အစွန်းရောက်များကို ထောက်ပံ့ပေးခြင်းမရှိဟု ထိုင်းအစ္စလာမ်ဘာသာခေါင်းဆောင်များ ပြောကြား

ဘန်ကောက်၊ နိုဝင်ဘာ ၂၅ ။        ။ ထိုင်းတောင်ပိုင်းရှိ မွတ်ဆလင်များက ဆီးရီးယားနိုင်ငံတွင်း လှုပ်ရှားနေသည့် အိုင်အက်စ်အစွန်းရောက်များအား ငွေကြေးများ ထောက်ပံ့ပေးနေသည့်ဆိုသော စွပ်စွဲချက်မှ မဟုတ်မှန်ကြောင်း ရှာခူအစ္စလာမ်ရုံး (SIO) မှ အစ္စလမ်ဘာသာရေးခေါင်းဆောင်များက ပြောကြားလိုက်သည်။

သြစတြေးလျရဲအရာရှိတစ်ဦးက ထိုင်းတော်ဝင်ရဲတပ်ဖွဲ့သို့ အဆိုပါ သတင်းကို ပေးပို့ခဲဲ့ခြင်းဖြစ်သည်။

ထိုင်းလုံခြံုရေး အေဂျင်စီများအနေဖြင့် မိမိတို့နိုင်ငံအတွင်း အိုင်အက်စ်တို့နှင့် ဆက်နွှယ်မှုတစ်စုံတစ်ရာ စုံစမ်းသိရှိထားခြင်းမရှိသေးကြောင်း ထိုင်းဒုရဲချုပ် ဆရီဝါရာရန်ဆစ်ဘရာမန်ကူးက ပြောကြားသည်။

၂၀၁၁ ခုနှစ်တွင် ဆီးရီးယားပြည်တွင်းစစ် စတင်ခဲ့ချိန်မှစ၍ စစ်ဘေးရှောင်ဒုက္ခသည်များနှင့် ကယ်ဆယ်ရေးဝန်ထမ်းများအတွက် ထိုင်းမွတ်ဆလင်များက ငွေကြေးများ ထောက်ပံ့ခဲ့သည်။

"ကျွန်တော်တို့က ရဲတွေပြောသလို အိုက်အက်စကို ထောက်ပံ့တာမဟုတ်ပါဘူး။ စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက်ပဲ ကူညီခဲ့ပါတယ်" ဟု SIO ၏ လူသားချင်းကူညိစောင့်ရှောက်ရေးကောင်စီမှ ဇာကီဖီသက်ကွန်ပူက ပြောကြားခဲ့သည်။

မိမိတို့ကောင်စီအနေဖြင့် ယင်းအစီအစဉ်များအတွက် ငွေကြေးလွွှဲပြောင်းမှုနှင့် ရန်ပုံငွေစုဆောင်းမှုများနှင့် ပတ်သက်၍ ထိုင်းလုံခြံုရေးအဖွဲ့များကို ပုံမှန်ဆက်သွယ် သတင်းပို့ထားကြောင်းလည်း ဇာကီက ပြောသည်။

ငွေ၊ အစားအစာ၊ အဝတ်အထည်၊ ဆေးဝါးများနှင့် အခြားလိုအပ်သည့်ပစ္စည်များ ဒုက္ခသည်များထံ ရောက်ရှိရန်လည်း SIO အနေဖြင့် နယ်စည်းမခြားဆရာဝန်များအဖွဲ့၊ တူရကီအစိုးရအေဂျင်စီများနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း ဇာကီက ပြောကြားသည်။

"ထိုင်းမွတ်ဆလင်တွေအနေနဲ့ နိုင်ငံအသီးသီးက အိုင်အက်စ်ဆန့်ကျင်ရေးအဖွဲ့အစည်းတွေနဲ့ အနီးကပ်ပူးပေါင်း ဆောင်ရွက်နေပါတယ်" ဟု ၎င်းက ပြောကြားသည်။

အိုင်အက်စ်တို့၏ အကြမ်းဖက်တိုက်ခိုက်မှုများသည် အစ္စလာမ်ဘာသာနှင့် ကိုက်ညီမှုမရှိသောကြောင့် မိမိတို့ဆီမှ ငွေကြေးများ အကြမ်းဖက်အုပ်စုများထံ မပေးကြောင်း ISO ၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ   အသက် ၅၂ နှစ်အရွယ် မာဆလန်မဟာမာက ပြောသည်။

"ရန်ပုံငွေတွေနဲ့ လှူဒါန်းမှုတွေဟာ ကမ္ဘာပေါ်က မွတ်ဆလင်ညီနောင်တွေကို ထောက်ပံ့ဖို့ပဲဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

"ကျွန်တော်တို့ ထိုင်းမွတ်ဆလင်တွေဟာ ဘယ်အကြမ်းဖက်မှုမျိုးကိုမဆို မထောက်ခံပါဘူး" ဟု ၎င်းက ပြောသည်။

ဆီးရီးယားနှင့် လက်ဘနွန်နိုင်ငံများမှ စစ်ဘေးရှောင်များအတွက် တစ်ကြိမ်လျင် ဘတ် ၃ သန်းမှ ၅ သန်းအထိ ရတတ်ကြောင်း ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags