၂၄နာရီအတွင်း လက်မှတ် ၁သန်းကျော်ရောင်းချခဲ့ရတဲ့ Bruno Mars ရဲ့24K Magic ကမ္ဘာလှည့်ဖျော်ဖြေပွဲ

၂၄နာရီအတွင်း လက်မှတ် ၁သန်းကျော်ရောင်းချခဲ့ရတဲ့ Bruno Mars ရဲ့24K Magic ကမ္ဘာလှည့်ဖျော်ဖြေပွဲ

Live Nation ရဲ့အဆိုအရ Bruno Mars ရဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲဖြစ်သည့် 24K Magic ရှိုးပွဲဟာ ၂၄နာရီ အတွင်းမှာပဲ လက်မှတ် ၁ သန်းကျော် ရောင်းချခဲ့ရပါတယ်။ ဥရောပ နဲ့ မြောက်အမေရိက   ဖျော်ဖြေပွဲခရီးစဉ် အတွက် လက်မှတ်များကို အဆိုတော်ရဲ့ အမေရိကန်ဂီတဆုပေးပွဲမှာ ဖျော်ဖြေအပြီး တနင်္လာနေ့မှာ စတင် ရောင်းချခဲ့ပါတယ်။

Bruno Mars ရဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲမှာ နဂိုက စုစုပေါင်းရှိုးပွဲ ၁၀၀ ဖျော်ဖြေဖို့စီစဉ်ထားပြီး ယခုဆိုရင် နယူးယောက်မြို့မှာ ရှိုးပွဲ ငါးပွဲ၊ လန်ဒန်မြို့ O2 အားကစားကွင်းမှာ လေးပွဲ နဲ့ ကယ်လီဖိုးနီးယား   ပြည်နယ်  လော့စ်အိန်ဂျယ်လိစ် မြို့မှာ လေးပွဲ အပါအဝင် နောက်ထပ် ရှိုးပွဲ ၁၅ ပွဲ ထပ်မံထည့်သွင်းခဲ့ပါတယ်။

အဆိုတော်ရဲ့ အယ်ဘမ်အသစ်ဖြစ်တဲ့ 24K Magic အခွေဟာ ပြီးခဲ့တဲ့အပတ်က ထွက်ရှိခဲ့ပြီး ထိပ်ဆုံးသုံးနေရာ မှာ အခိုင်အမာနေရာယူထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags