ဟံသာဝတီအသင်း ၁၂ ပွဲဆက်နိုင် ပွဲပျောက်ဆုံးနေသည့် မှတ်တမ်းဆိုးရရှိ

ဟံသာဝတီအသင်း ၁၂ ပွဲဆက်နိုင် ပွဲပျောက်ဆုံးနေသည့် မှတ်တမ်းဆိုးရရှိ
ဟံသာဝတီအသင်းနှင့် ရန်ကုန်ယူနိုက်တက်တို့အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေစဉ်။(ဓာတ်ပုံ- ရွှေဘုတ်)

ဇူလိုင် ၁၈၊ ရန်ကုန်။ ။ ဟံသာဝတီယူနိုက်တက်အသင်းသည် ယခုနှစ်မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၁၂ အပြီးတွင်နိုင်ပွဲပျောက်ဆုံးနေသည့်အတွက် ၁၂ ပွဲဆက်အနိုင်မရသည့် မှတ်တမ်းဆိုးရရှိခဲ့သည်။

ယခုကဲ့သို့ ၁၂ပွဲဆက်နိုင်ပွဲပျောက်ဆုံးနေသည့် အခြေအနေမှာအသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဖြစ်ပြီး အသင်း၏လက်ရှိအခြေအနေမှာလည်း တန်းဆင်းဇုန်အတွင်းသို့ရောက်ရှိနေသည်။

“အသင်းမှာအဓိကအားနည်းနေတာက အဆုံးသတ်ပိုင်းပါ။ ပွဲတိုင်းမှာအနိုင်ရသင့်တဲ့အခြေအနေမျိုးရှိပေမယ့် အဆုံးသတ်ပိုင်းအားနည်းချက်ကြောင့်ရမှတ်တွေဆုံးရှုံးနေရပါတယ်။ ဒီအားနည်းချက်ကို ပြင်ဆင်နေပေမယ့်လည်း လက်ရှိအချိန်အထိမအောင်မြင်သေးပါဘူး”ဟု ဟံသာဝတီယူနိုက်တက် နည်းပြချုပ် ဦးငွေထွန်းကပြောသည်။

ဟံသာဝတီယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်-၁၂အပြီးတွင် နိုင်ပွဲမရှိပဲ ခုနှစ်ပွဲသရေ၊ ငါးပွဲရှုံး၊ ရမှတ် ခုနှစ်မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၁၁နေရာတွင် ရပ်တည်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly