ရာမို့စ်အသင်းပြောင်းမည်မဟုတ်ဟု ရီးယဲလ်မက်ဒရစ်နည်းပြ ဘင်နီတက်ဇ်ပြော

ရာမို့စ်အသင်းပြောင်းမည်မဟုတ်ဟု ရီးယဲလ်မက်ဒရစ်နည်းပြ ဘင်နီတက်ဇ်ပြော

ဇူလိုင် ၁၈၊ မဲလ်ဘုန်း။ ။ ဆာဂျီယိုရာမို့စ်သည် ရီးယဲလ်မက်ဒရစ်ကိုစွန့်ခွာမည်မဟုတ်ဘဲ အသင်း၏အစီအစဉ်တွင်အပြည့်အဝပါဝင်နေသူဖြစ်သည်ဟု ရီးယဲလ်မက်ဒရစ် နည်းပြသစ် ဘင်နီတက်ဇ်က ပြောဆိုလိုက်သည်။

သောကြာနေ့ ရီးယဲလ်မက်ဒရစ်အသင်းလေ့ကျင့်ခန်းအစီအစဉ်တွင် ပါဝင်ခဲ့သော ရာမို့စ်သည် အသင်းနှင့်စာချုပ်သက်တမ်းနှစ်နှစ်ကျန်သေးသော်လည်း မန်ယူအသင်းသို့ပြောင်းချင်သည်ဟု သတင်းများထွက်ပေါ်နေသူဖြစ်သည်။

၂၀၀၄-၁၅ တွင်ဖလားလက်မဲ့ဖြစ်ခဲ့သည့် အန်ဆလော့တီ၏နေရာတွင် ရီးယဲလ်မက်ဒရစ်နည်းပြဖြစ်လာခဲ့သည့် ဘင်နီတက်ဇ်သည် အပြောင်းအရွှေ့သတင်းများနှင့်ပတ်သက်ပြီး မှတ်ချက်မပေးဘဲနေခဲ့ရာမှ နောက်ခံလူရာမို့စ်အပေါ်ထားရှိသည့် အစီအစဉ်ကို ထုတ်ပြောလိုက် ခြင်းဖြစ်သည်။

"ရာမို့စ်ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ပြောဆိုမှုတွေအများကြီးရှိနေပါတယ်။ ကျွန်တော့်အတွက်တော့သူဟာ ပရောဖက်ရှင်နယ်ဆိုတာထက်ပို တဲ့ ကစားသမားတစ်ဦးပါ။ အသင်းနဲ့ ကျွန်တော့်ရဲ့တောင်းဆိုမှုတွေကိုလည်း သူအားလုံးလိုက်လုပ်ပါတယ်။ ဥက္ကဋ္ဌကလည်း ရာမို့စ်အသင်းမှာ ဆက်ရှိနေမယ်လို့ ပြောထားပြီးပါပြီ။ သူ့စိတ်ကူး၊ သူ့အနာဂါတ်နဲ့ ပတ်သက်ပြီးလည်း သူနဲ့ကျွန်တော် နွေရာသီတစ်လျှောက်လုံး ပြောဆိုဖြစ်ခဲ့ ကြပါတယ်။ ရာမို့စ်ဟာ ပရောဖက်ရှင်နယ်တစ်ဦးဆိုတာထက်ပိုတယ်လို့ ကျွန်တော်မြင်မိပြီး အသင်းကလိုအပ်တဲ့ အောင်မြင်သူတစ်ဦးလည်း ဖြစ်ပါတယ်"ဟု ရာသီကြိုခြေစမ်းခရီးစဉ်အတွင်း မဲလ်ဘုန်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဘင်နီတက်ဇ်က ပြောသည်။

ဂိုးသမားကာဆီးလက် ပေါ်တိုသို့ပြောင်းရွှေ့သွားသောကြောင့် ရာမို့စ်သည် ရီးယဲလ်မက်ဒရစ်အသင်း၏ အသင်းခေါင်းဆောင်သစ်ဖြစ်လာမည် ဟုလည်း ယူဆရသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly