အဂတိအရှုပ်တော်ပုံနှင့် ရင်ဆိုင်နေရသည့် တောင်ကိုရီးယားသမ္မတ ရုံးခန်းတွင် အမျိုးသားလိင်အားတိုုးဆေးများ တွေ့၍ အမှုက ရှုပ်သထက်ရှုပ်လာ

အဂတိအရှုပ်တော်ပုံနှင့် ရင်ဆိုင်နေရသည့် တောင်ကိုရီးယားသမ္မတ ရုံးခန်းတွင် အမျိုးသားလိင်အားတိုုးဆေးများ တွေ့၍ အမှုက ရှုပ်သထက်ရှုပ်လာ

ဆိုးလ်၊ နိုဝင်ဘာ ၂၄ ။                 ။ တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေး ပါဝင်ပတ်သက်မှုရှိသည့် အဂတိအကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံမှာ သမ္မတဖြစ်သူ၏ ရုံးခန်း၌ အမျိုးသားလိင်အားတိုုးဆေး Viagra အား တွေ့ရှိသည့် သတင်းများနှင့်အတူ အမှုက ရှုပ်သထက်ရှုပ်လာတော့သည်။

သမ္မတပတ်ဂွန်ဟေးအား အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်ပြီး စစ်ဆေးစုံစမ်းမှုများ ပြုလုပ်စဉ်  အမျိုးသားလိင်အားတိုးဆေးပြားများကို ၎င်း၏ ရုံးခန်းအတွင်း အာဏာပိုင်များက တွေ့ရှိခြင်းဖြစ်သည်။

Viagra ဆေးများကို လေယာဉ်မူးသည့်အခါ သုံးစွဲရန်အတွက် ဝယ်ခဲ့ခြင်းသာဖြစ်ကြောင်း အစိုးရက ပြောသည်။

တောင်ကိုရီးယားခေါင်းဆောင်အနေဖြင့် ၎င်း၏ သူငယ်ချင်းဖြစ်သူ ချောင်ဆောင်စီက နိုင်ငံရေးဆုံးဖြတ်ချက်များချရာတွင် သြဇာလွှမ်းမိုးထားသည်ဟု စွပ်စွဲခံရလျက်ရှိနေသည်။

အရှေ့အာဖရိကသို့ တရားဝင်ခရီးစဉ် သွားရောက်ရာ၌ လေယာဉ်တောက်သည့်အခါ သောက်သုံးရန်အတွက် 364 Viagra နှင့် အလားတူဆေးဝါးများကို ဝယ်ယူခဲ့ခြင်းသာဖြစ်ပြီး ထိုဆေးပြားများအား တစ်ခါမျှ သုံးစွဲရခြင်းလည်း မရှိခဲ့ကြောင်း သမ္မတရုံးက အတည်ပြုသည်။

ထိုဆေးပြားများ တွေ့ရှိခြင်းကြောင့် သမ္မတပတ်ဂွန်ဟေးအတွက် ရာထူးမှ ဆင်းပေးရေး ပိုမိုဖိအားပေးခံလာရတော့မည်ဖြစ်ကြောင်း ဆိုးလ်ရှိ ဘီဘီစီသတင်းထောက်က သတင်းပေးပို့သည်။

တောင်ကိုရီးယားနိုင်ငံသားအများစုက သမ္မတ ပတ်ဂွန်ဟေးသည် လက်တွေ့ကမ္ဘာတွင် ရှိမနေဘဲ သီးခြားကမ္ဘာတွင် ရောက်နေသည်ဟု ယူဆထားကြသည်။

သမ္မတပတ်ဂွန်ဟေး၏ ဖခင်ဖြစ်သူ သမ္မတဟောင်း ပတ်ချောင်ဟီးသည် ရိုးရာဓလေ့နတ်ဆရာတစ်ဦးဖြစ်သူ ချောင်တီးမင်နှင့် နီးကပ်သည့် ဆက်ဆံရေးရှိခဲ့ပြီး ချောင်တီးမင်၏ သမီးဖြစ်သူ   ချောင်ဆောင်စီက ပတ်ဂွန်ဟေး၏ ကာလရှည်သူငယ်ချင်းများဖြစ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly