ရှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်နေသောတိုက်ပွဲများ အရပ်သားပြည်သူများ၏ အကျိုးစီးပွားထိခိုက်ရန် ရည်ရွယ်ချင်းမဟုတ်ဟု KIO ထုတ်ပြန်

ရှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်နေသောတိုက်ပွဲများ အရပ်သားပြည်သူများ၏ အကျိုးစီးပွားထိခိုက်ရန် ရည်ရွယ်ချင်းမဟုတ်ဟု KIO ထုတ်ပြန်
 

၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်၊ ရှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် ကန့်သတ်စစ်သာ ဖြစ်ကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေရန် ရည်ရွယ်ခြင်း မဟုတ်ကြောင်း ယနေ့ KIO မှ သတင်းထုတ်ပြန်သည်။

ကန့်သတ်စစ်ပွဲတွင် ပါ၀င်သော စစ်သည်များအနေဖြင့် အရပ်သားပြည်သူများ၏ အကျိုးစီးပွား ထိခိုက်မှု မရှိစေရန် အထူးသတိထား ဆောင်ရွက်သွားမည်ဟုလည်း ဖော်ပြပါရှိသည်။

သို့သော် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကမူ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသအတွင်း KIA/MNDAA/TNLA အဖွဲ့များမှ အများပြည်သူထိတ်လန့်စေရန် မိုင်းထောင်ဖောက်ခွဲခြင်း၊ လမ်း၊ တံတားများ ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေခြင်းကြောင့် တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး လုပ်ငန်းများတိုးမြှင့်လုပ်ဆောင်လျက်ရှိသည် ဟု နိုဝင်ဘာလ ၂၂ ရက်က သတင်းထုတ်ပြန်ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly