ဂရမ်မီ ဆုပေးပွဲ၌ James Corden အစီစဉ်မှူးလုပ်မည်

ဂရမ်မီ ဆုပေးပွဲ၌ James Corden အစီစဉ်မှူးလုပ်မည်

လာမည့် ၂၀၁၇ ဂရမ်မီဆုပေးပွဲ၌ ဗြိတိန်စတား James Corden က အစီအစဉ်မှူးလုပ်မည်ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

အမေရိကန်တီဗွီရုပ်သံ အစီအစဉ်ဖြစ်သည့် The Late Late Show မှာ လက်ရှိ အစီအစဉ်မှူးအဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ ရုပ်ရှင်မင်းသား နဲ့ လူရွှင်တော်ဖြစ်သူ James ဟာ ဂရမ်မီဆုပေးပွဲအတွက် ၂၀၁၁ ခုနှစ် ကတည်းက အစီအစဉ်တက်ဆက်သူအဖြစ်ဆောင်ရွက်နေတဲ့ rap အဆိုတော် LL Cool J နေရာမှာ အစားထိုးတာဝန်ယူမှာဖြစ်ပါတယ်။

အခုလို ဆုပေးပွဲမှာ အစီအစဉ်မှူးအဖြစ် တာဝန်ယူခိုင်း ခံရခြင်းဟာ သူ့ရဲ့ အောင်မြင်နေတဲ့ Carpool Karaoke စီးရီးကြောင့်ဖြစ်ကြီး အဆိုပါ အစီအစဉ်မှာ နာမည်ကျော် အနုပညာရှင်တွေဖြစ်တဲ့ Adele, Lady Gaga, Selena Gomez, Justin Bieber, Elton John တို့လည်း ပါ၀င်ဖူးပါတယ်။

James Corden ကတော့ သူဟာ ဂုဏ်ပြုခံရသလိုခံစားရကြောင်းနဲ့ ဒီဆုပေးပွဲဟာ ဂီတလောကမှာ အကြီးကျယ်ဆုံးနဲ့ ဂုဏ်သိက္ခာ အကြီးမားဆုံး ပွဲတစ်ပွဲဖြစ်ပြီး အဲ့ဒီ့အတွက် မယုံကြည်နိုင်လောက်အောင် ကံကောင်းသလို ခံစားရကြောင်းထပ်ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly