ပျံလွန်တော်မူခဲ့သည့် တိဘက် ဘုန်းတော်ကြီး၏ မိသားစု ထိန်းသိမ်းခံရ

ပျံလွန်တော်မူခဲ့သည့် တိဘက် ဘုန်းတော်ကြီး၏ မိသားစု ထိန်းသိမ်းခံရ

ပျံလွန်တော်မူခဲ့သည့် တိဘက်ဘုန်းတော်ကြီးတစ်ပါး၏ မိသားစုဝင်နှစ်ဦးကို ဇူလိုင် ၁၇က ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့ တစ်ခုနှင့် မီဒီယာက ပြောကြားခဲ့သည်။ မိသားစု၏ ဆန္ဒနှင့် ဆန့်ကျင်စွာ အကျဉ်းထောင်အတွင်း ဘုန်းတော်ကြီး၏ ရုပ်ကလာပ်ကို သြင်္ဂ ိုဟ်ပြီး နောက်တစ်ရက်တွင် ထိန်းသိမ်းလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချန်တူးမြို့တွင် ဒေသစံတော်ချိန် နံနက် ၈ နာရီခန့်တွင် ဘုန်းတော်ကြီး တန်ဇင်ဒေလက်ရင် ပိုချေ၏ နှမနှင့် သူမ၏သမီးဖြစ်သူတို့ကို ရဲတပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားခဲ့ကြောင်း ဒေလက်၏ တပည့်နှင့် ဝမ်းကွဲတော် သူ ဂေရှေညီမာ၏ ပြောကြားချက်ကိုကိုးကား၍ Students for a Free Tibet (SFT) အဖွဲ့က ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များမှာ ဒေလက်၏ ဇာတိမြို့ လီတန်မြို့မှ ဖြစ်သည်ဟု SFT ကပြောကြားခဲ့သည်။

ဇူလိုင် ၁၇ ကထိန်းသိမ်းခံရသူနှစ်ဦးမှာ အသက် ၅၅နှစ်အရွယ် ဒိုလ်ကာအယ်လ်ဟာမိုနှင့် သူမ၏သမီး ညီမာအယ်လ်ဟာမို တို့ဖြစ်ကြောင်း တိဘက်သတင်းရင်းမြစ်များကို ကိုးကား၍ အာအက်ဖ်အေသတင်းဋ္ဌာနက ဖော်ပြခဲ့သည်။

လီတန်ရဲစခန်းမှ အမျိုးသမီးတစ်ဦးကို အေအက်ဖ်ပီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ထို အမျိုးသမီးက အမှုကို မသိကြောင်း သာ ဖြေကြားခဲ့သည်။ယခုသီတင်းပတ်အစောပိုင်းကလည်း ဘုန်းကြီး၏ကျန်းမာရေးမှတ်တမ်းကို လက်မှတ်မထိုးခဲ့သည့်အတွက် ဘုန်းကြီးနှမနှစ်ဦးကိုတရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များက ယာယီထိန်းသိမ်းခဲ့ကြောင်း လူ့အခွင့်အရေးအုပ်စုများ ကပြောကြားခဲ့သည်။

 အသက် ၆၅ နှစ်အရွယ် ဘုန်းတော်ကြီးဒေလက်သည် အကြမ်းဖက်မှု၊ ခွဲထွက်မှုတို့အတွက် တစ်သက်တစ် ကျွန်းထောင်ဒဏ် ကျခံနေရပြီး ထောင်ထဲတွင် ၁၃နှစ်ရှိနေခဲ့သည်။

သို့သော်လည်း ၎င်းအားစစ်ဆေးခဲ့သော တရားခွင်မှာ ချွတ်ယွင်းချက်ကြီးမားစွာ ရှိနေခဲ့သည် ဟုလေ့လာသူများ ကပြောကြားခဲ့ သည်။

ဘုန်းတော်ကြီးသေဆုံးကြောင်း အာဏာပိုင်များက သီတင်းပတ်အကုန်က ကြေညာခဲ့သည်။ ဘုန်းတော်ကြီးသေဆုံးရခြင်းနှင့် ပတ်သက်သော ကိစ္စများမှာလည်း ရှင်းရှင်းလင်းလင်းမရှိဟု လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်လျက်ရှိသည်။

ဘုန်းကြီးကို ပြည်သူ့ပန်းခြံတစ်ခုတွင် ဗုံးခွဲရာတွင်ပါဝင်မှု၊ ခွဲထွက်ရန်ကြိုးပမ်းမှုတို့ဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

သို့သော်လည်း ၎င်းအားထောက်ခံသူများကမူ အပြစ်မရှိဟု အခိုင်အမာပြောကြားခဲ့သည်။

ဘုန်းကြီးပျံလွန်တော်မူကြောင်း ကြေညာပြီးကတည်းက ဘုန်းကြီး၏ ဇာတိမြို့နှင့် ၎င်းအားထောင်ချခဲ့သည့် မြို့တို့တွင် ဆန့်ကျင် ဆန္ဒပြမှုအချို့ဖြစ်ပွားခဲ့သည်ဟု အမေရိကန်အခြေစိုက် International Campaign for Tibet (ICT)နှင့် အခြားတိဘက် လူ့အခွင့် အရေးအုပ်စုများက ပြောသည်။

ယခုသီတင်းပတ်တွင် ဘုန်းကြီးကွယ်လွန်မှုကို ဆန့်ကျင်ကန့်ကွက်ရန် ညက်ချူကာကောင်တီရှိ အစိုးရရုံးများအနီး လူ ၁,၀၀၀ ခန့်စု မိချိန်တွင် ရဲတပ်ဖွဲ့များက ပစ်ခတ်နှိမ်နင်းရာ လူ ၂၀ခန့် ဒဏ်ရာရရှိခဲ့သည်ဟု ဗြိတိန်အခြေစိုက် Free Tibet အုပ်စု ကပြောကြား ခဲ့သည်။

၁၉၅၁ခုနှစ်ကတည်းက တိဘက်ကို သိမ်းပိုက်အုပ်ချုပ်ခဲ့သော တရုတ်သည် တိဘက်၏ ဗုဒ္ဓဘာသာ အခြေပြု ယဉ်ကျေးမှုများ ကို နိုင်ငံရေး၊ ဘာသာရေးဖိနှိပ်မှုများဖြင့် ရှင်းလင်းပစ်ရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲခံနေရသည်။ ထို့အပြင် နိုင်ငံ၏လူများစု ဟန်တရုတ်များကိုလည်း တိဘက်ဒေသသို့ အမြောက်အမြားရွှေ့ပြောင်းနေထိုင်စေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly