ထိုင်းတွင် အိုင်အက်စ်အဖွဲ့အား ထောက်ပ့ံသည့် ကွန်ရက်ရှိနေဟု ရဲတပ်ဖွဲ့က အတည်ပြု

ထိုင်းတွင် အိုင်အက်စ်အဖွဲ့အား ထောက်ပ့ံသည့် ကွန်ရက်ရှိနေဟု ရဲတပ်ဖွဲ့က အတည်ပြု

ဘန်ကောက်၊ နိုဝင်ဘာ ၂၃ ။                ။ ထိုင်းနိုင်ငံတွင် အိုင်အက်စ်အဖွဲ့နှင့် အချိတ်အဆက်ရှိကာ ထိုင်းနိုင်ငံသားအချို့ အထူးသဖြင့် နိုင်ငံတောင်ပိုင်းမှ နိုင်ငံသားများက အိုင်အက်စ်တို့အား   ထောက်ပံ့မှုများ ပေးနေကြောင်း ရဲတပ်ဖွဲ့က ပထမဆုံးအဖြစ် အတည်ပြုပြောကြားသည်။

ထိုင်းနိုင်ငံတွင်းက အဖွဲ့အစည်းအုပ်စုတစ်ချို့က အိုင်အက်စ်တို့အား ငွေကြေးထောက်ပံ့နေကြောင်း ထိုင်းအာဏာပိုင်များထံ သြစတြေးလျရဲတပ်ဖွဲ့က သတင်းပေးလိုက်ပြီးနောက် ယခုထုတ်ပြန်ချက်ကို   ကြေညာလိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က အိုင်အက်စ်နှင့် ချိတ်ဆက်သည့် အွန်လိုင်းဆိုက်များသို့ ထိုင်းနိုင်ငံက ဖေ့ဘုတ်ယူဇာ တစ်သိန်းကျော်ထက်မနည်း ဝင်ရောက်ခဲ့သည်ကို တွေ့ရှိကြောင်း သြစတြေးလျရဲက ပြောသည်။

လက်ရှိအထိ နိုင်ငံတောင်ပိုင်းက သောင်းကျန်းသူများက အယ်ခိုင်ဒါနှင့် ဂျမေးအစ္စလာမ်မစ်ယက်အဖွဲ့အပါအဝင် ပြည်ပအစွန်းရောက်အဖွဲ့များနှင့် ချိတ်ဆက်ခြင်းမရှိကြောင်း ငြင်းဆန်ထားသည်။

အစ္စလာမ်မစ်နိုင်ငံတော်ဟုခေါ်သော အိုင်အက်စ်အဖွဲ့တွင်း အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနိုင်ငံသားများ ဝင်ရောက်ပူးပေါင်းပါဝင်လျက်ရှိကြောင်း ထုတ်ဖော်ပြောထားသော်လည်း ထိုင်းနိုင်ငံက ယခင်က ၎င်းနိုင်ငံသားများ အိုင်အက်စ်နှင့် ပတ်သက်ကြောင်းကို ထုတ်ပြန်ခြင်းမရှိပေ။ နိုဝင်ဘာ ၂၂ ရက်တွင်မှ ထိုင်းတောင်ပိုင်းတွင် အိုင်အက်စ်နှင့် ချိတ်ဆက်မှုများ ရှိနေကြောင်း အတည်ပြုလိုက်ခြင်းဖြစ်၍ လုံခြံုရေးရာ ပညာရှင်အများစုအတွက် အံ့အားသင့်စေခဲ့သည်။

သြစတြေးလျရဲတပ်ဖွဲ့က ထောက်လှမ်းစုံစမ်းမှုတစ်စိတ်တစ်ပိုင်းအရ ထိုင်းနိုင်ငံသားတစ်ချို့ အိုင်အက်စ်နှင့် ချိတ်ဆက်မှုရှိနေကြောင်းကို သတင်းပေးလာခြင်းဖြစ်ကြောင်း အမျိုးသားရဲတပ်ဖွဲ့ ဒုတိယရဲချုပ် သီရိဝါနာရန်စီဘရာမန်ကူးက ပြောသည်။

ထိုင်းရဲတပ်ဖွဲ့၏ အတည်ပြုထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး သြစတြေးလျဖက်က ထင်မြင်ချက်ပေးခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly