မြောက်ကိုရီးယား နယ်စပ်ဒေသသို့ တရုတ်သမ္မတ ရှီကျင်ပင်း သွားရောက်

မြောက်ကိုရီးယား နယ်စပ်ဒေသသို့ တရုတ်သမ္မတ ရှီကျင်ပင်း သွားရောက်

ပေကျင်း၊ ဇူလိုင် ၁၈ ။     ။ မြောက်ကိုရီးယား၏ အငြင်းပွားဖွယ် နျူကလီးယားအစီအစဉ်နှင့် မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များအပေါ် အပြစ်တင် ထားသည့် သတ်ဖြတ်မှု များကြောင့် တင်မာမှုများရှိနေစဉ် တရုတ်သမ္မတ ရှီကျင်ပင်းသည် ကိုရီးယား လူမျိုးနွယ်များ ရှိသောမြောက်ကိုရီးယားနှင့် ထိစပ်နေသည့် ထိလွယ်ရှလွယ်ဖြစ်နေသည့် နယ်စပ်ဒေသတစ်ခုသို့ သွားရောက်လည်ပတ် ခဲ့သည် ဟုတရုတ် ရှီသည် ဇူလိုင် ၁၆က အရှေ့မြောက်ပိုင်း၊ နယ်စပ်၏ ထောင့်အတွင်းရှိသော ယန်ပြန်းမြို့သို့ရောက်ရှိပြီး လယ်ကွင်းများ သို့ဆင်းကာ အိမ်သာအသုံးပြုမှုနှင့် ပတ်သက်၍ ရွာသားများနှင့် စကားစမြည်ပြောကြားကာ ဆေးဝါးစက်ရုံတစ်ခုသို့လည်း သွားရောက်ခဲ့သည်ဟု ရှင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

သမ္မတရှီကျင်းပင်းသည် ၂၀၁၂ခုနှစ်နောက်ပိုင်းက အာဏာရယူပြီးနောက်ပိုင်း မြောက်ကိုရီးယားသို့ သွားရောက်ခြင်းမရှိသေးပေ။ ရှီက ယန်ပြန်း၏ စိုက်ပျိုးရေးကျွမ်းကျင်မှုကို ချီးကျူးပြောကြားခဲ့သည်။ မြောက်ကိုရီးယားမှာ စားနပ်ရိက္ခာလုံလောက်ရေး အမြဲတစေ ရုန်းကန်နေရသည်။

"တရုတ်မှာ လူဦးရေ ၁ဒသမ၃ဘီလျံရှိပါတယ်။ ကျွန်တော်တို့ သီးနှံထုတ်လုပ်မှုတိုးတက်ဖို့ ကိုယ့်အားကိုယ်ကိုးဖို့လိုပါတယ်။ ကျွန်တော်တို့သီးနှံတွေဟာ နာမယ်ကောင်းရဖို့၊ ဈေးကောင်းရဖို့နဲ့ ရလဒ်ကောင်းတွေထွက်ဖို့ လိုပါတယ်"ဟုရှီ၏ပြောကြားချက်ကို ကိုးကား၍ ရှင်ဟွာကဖော်ပြခဲ့သည်။

တရုတ်သည် မြောက်ကိုရီးယား၏ နောက်ဆုံးအဓိကမဟာမိတ်ဖြစ်သော်လည်း မကြာသေးခင်နှစ်များအတွင်း တရုတ် ကမြောက်ကိုရီးယား၏ပြိုင်ဘက် တောင်ကိုရီးယားနှင့် ဆက်ဆံရေးနီးကပ်လာစဉ် နှစ်နိုင်ငံဆက်ဆံရေးမှာ ထိခိုက်နေခဲ့သည်။

ကိုရီးယားရိုးရာဝတ်စုံဝတ်ထားသော ရွာသူရွာသားများ၏ အကဖျော်ဖြေပွဲတစ်ခုတွင် လက်ခုပ်တီးနေသော ရှီ၏ပုံကို တရုတ်နိုင်ငံ ပိုင်မီဒီယာက ဖော်ပြခဲ့သည်။ ရွာသားများမြေကျင်းအိမ်သာများ နောက်ထပ်မသုံးစေရန် အိမ်သာတော်လှန်ရေးကို အစိုးရက ဦးဆောင်မည်ဟုရှီက ကတိပြုခဲ့သည်။ နယ်စပ်၏ နှစ်ဖက်စလုံးတွင် ကိုရီးယားမျိုးနွယ်များကြား နီးကပ်သောမိသားစု၊ နီးကပ်သော ယဉ်ကျေးမှုနှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းချိန်ဆက်မှုများရှိနေသည်။

တရုတ်သည် မြောက်ကိုရီးယားကို စီးပွားရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ရေး ကြိုးပမ်းလျက်ရှိပြီး မြောက်ကိုရီးယား နယ်စပ် တစ်လျှောက်တွင်လည်း ကုန်သွယ်ရေးဇုန်များ ထူထောင်ထားသော်လည်း တိုးတက်မှုမရှိသေးပေ။ သို့သော်လည်းမြောက်ကိုရီး ယားနှင့် တရုတ်ဆက်ဆံရေးမှာ မြောက်ကိုရီးယား၏ ပိတ်ပင်ခံထားရသော နျူကလီးယားအစီအစဉ်ကြောင့်လည်း တင်းမာမှုရှိ သည်။ မြောက်ကိုရီးယားသည် နျူကလီးယားစမ်းသပ်မှု၊ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများကြောင့် ကုလသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့ ခံထားရသည်။ ထို့အပြင် မြောက်ကိုရီးယားနိုင်ငံသားများပါဝင်သော နယ်စပ်ဒေသရာဇဝတ်မှုများကြောင့်လည်း နှစ်နိုင်ငံကြား အဖုအထစ်ဖြစ်နေသည်။

ဧပြီလက တရုတ်နယ်စပ် ကျေးရွာတစ်ရွာတွင်နေထိုင်သူသုံးဦးကို အစားအစာနှင့်ငွေရှာနေသောမြောက် ကိုရီးယားစစ်သားများက သတ်ဖြတ်ခဲ့သည်ဆိုသည့် သတင်းလည်း ထွက်ပေါ်ခဲ့သည်။ လွန်ခဲ့သည့်နှစ်က မြောက်ကိုရီးယားတစ်ဦးသည် သုံးဦးပါမိသားစု တစ်ခုကို သတ်ဖြတ်ခဲ့ရာ တရုတ်က တရားဝင်ဆန့်ကျင်ကန့်ကွက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly