တုုိက်ပွဲ ပိုုမုုိပြင်းလာသဖြင့် ကွတ်ခုုိင်တွင် စျေး၊ ကျောင်း၊ ဘဏ်များ ပိတ်လုုိက်ပြီဟုုဆုုိ

တုုိက်ပွဲ ပိုုမုုိပြင်းလာသဖြင့် ကွတ်ခုုိင်တွင် စျေး၊ ကျောင်း၊ ဘဏ်များ ပိတ်လုုိက်ပြီဟုုဆုုိ

ချင်းမုုိင်(မဇ္စျိမ) နုုိဝင်ဘာလ ၂၂ ရက်၊)။         ။ မြန်မာ့တပ်မတော်နှင့် မြောက်ပုုိင်းတုုိင်းရင်းသား မဟာမိတ်အဖွဲ့တိုု့ တုုိက်ပွဲ ဖြစ်ပွားနေဆဲဖြစ်ပြီး လုံခြံုရေး စိုးရိမ်ရသဖြင့် ကွတ်ခုုိင်မြို့မစျေးနှင့် စာသင်ကျောင်းများ ပိတ်လုုိက်ရသည်ဟုု ကွတ်ခုုိင်မြို့ခံများက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပုုိင်း မူဆယ်သွားလမ်း ကွတ်ခုုိင်မြို့အနီးတွင် တုုိက်ပွဲ ဖြစ်ပွားနေသဖြင့် လုံခြံုရေး အခြေအ နေစုုိးရိမ်ရသဖြင့် ကျောင်းများနှင့် စျေးကြီး၊ ဘဏ်ကုုိ ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ကွတ်ခိုင် မြို့ခံ ဒေါ်အမုုိင်က ပြောသည်။

“အခြေအနေက စုုိးရိမ်ရလုုိ့ ကျောင်းတွေ မူလတန်းကနေ အ.ထ.က၊ အ.လ.ကတွေ ပိတ်လုုိက်ပြီ။ ၁၂ နာရီ နောက်ပုုိင်း ပိတ်လုုိက်တာ။ စျေးလည်း တနေကုုန်ဖွင့်တာ ဒီနေ့တော့ ပိတ်လုုိက်ပြီ။ မူဆယ်သွားတဲ့လမ်း ကွတ်ခုုိင်မြို့ပြင် မန်ဘန်ရွာလမ်းပေါ်မှာ တုုိက်ပွဲဖြစ်ပွားနေလုုိ့ ပိတ်လုုိက်ကြတာ”ဟုု ဒေါ်အမုုိင်က ပြောသည်။

ကွတ်ခုုိင် ရဲစခန်းအနီးရှိ ကွတ်ခုုိင်မြို့ သာယာကုုန်ရပ်ကွက် ဒေသခံတစ်ချို့လည်း ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေပြီး ဒေသခံများအကြား မြို့ပေါ် လက်နက်ကုုိင်များ ဝင်လာမည်ဟုု   ကောလဟလသတင်းများ ထွက်ပေါ် နေသဖြင့် ဒေသခံများ စုုိးရိမ်မှုများ ရှိနေသည်ဟုု ကွတ်ခုုိင်မြို့ခံ ဒေါ်လွမ်းညွယ်က ပြောသည်။

“ကျောင်း၊ စျေးနဲ့ ဘဏ်တွေက ဒီနေ့စပိတ်သွားပြီ။ လက်နက်ကုုိင်တပ်တွေ ဝင်လာမယ်လုုိ့ သတင်းကြားလုုိ့ ပိတ်လုုိက် သတင်းက ကောလာဟလလား၊ ဘယ်လုုိလုပ် သိလာကြလဲမသိဘူး။ ကွတ်ခုုိင်အနီးတဝုုိက်မှာလည်း တုုိက်ပွဲတွေ ဖြစ်နေတယ်။ ရဲစခန်းနဲ့ နီးတဲ့ လူတွေက တိမ်းရှောင်သွားကြပြီ။ ကျမတိုု့က ဘယ်မှပြောင်းစ ရာမရှိ တော့ ဒီလုုိဘဲ အားလုံုးက   ကြောက်ကြောက်နဲ့  နေနေကြတယ်” ဟုု သူက ပြောသည်။

နုုိဝင်ဘာလ ၂၀ ရက်နေ့က စတင်၍ ယနေ့ထိ ရှမ်းပြည်နယ် မြောက်ပုုိင်း မူဆယ်မြို့နယ်၊ ကွတ်ခုုိင်မြို့ နယ်အတွင်း KIA၊ MNDAA၊ TNLA၊ AA စသည့် တုုိင်းရင်းသား လက်နက်ကိုုင် မဟာမိတ်တပ်ဖွဲ့ ၄ ဖွဲ့နှင့် မြန်မာ့တပ်မတော်တုုိ့ တုုိက်ပွဲ ဖြစ်ပွားခဲ့ရာ ဒေသခံ ပြည်သူများ တရုုတ်နုုိင်ငံနှင့် မူဆယ်မြို့ပေါ်သုုိ့ ဒုုက္ခသည် ၂၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရပြီဖြစ်ကြောင်း သိရသည်။

မူဆယ်မြို့ပေါ်တွင်လည်း နေ့လည် ၁၂ နာရီကျော်ပါက အပြင်မထွက်ရဟုု ကောလာဟလများ ထွက်ပေါ် နေသဖြင့် မြို့ခံများ စျေး၊ ဆုုိင်များ ပိတ်ထားရကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly