Nestle ကုမ္ပဏီမှ ထုတ်လုပ်သော မက်ဂီပဲငံပြာရည်နဲ့ မက်ဂီခရုဆီ မိတ်ဆက်

Nestle ကုမ္ပဏီမှ ထုတ်လုပ်သော မက်ဂီပဲငံပြာရည်နဲ့ မက်ဂီခရုဆီ မိတ်ဆက်

ကမ္ဘ့ာအကြီးမားဆုံး စားသောက်ကုန် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Nestle ကုမ္ပဏီမှ ထုတ်လုပ်သော မက်ဂီပဲငံပြာရည်နဲ့ မက်ဂီခရုဆီ မိတ်ဆက်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၉ရက်နေ့၊ မြန်မာပလာဇာမှာ ကျင်းပခဲ့ပါတယ်။
Nestle Myanmar ရဲ့ စျေးကွက်မန်နေဂျာ Ivy Tan Link Cheh က "အစာအဟာရနှင့် သက်ဆိုင်သော နည်းပညာနဲ့ ဟင်းလျာတို့ရဲ့ အနံ့အရသာ ပေါင်းစပ်မှုဖြင့် စားသုံးသူတို့၏ ကျေနပ်မှု ရရှိစေရန်အတွက် အစဉ် တည်ကြည်ခိုင်မာသော စိတ်အာထက်သန်မှု ရှိနေခဲ့ပါတယ်။ မက်ဂီအနေဖြင့် မြန်မာနိုင်ငံမှမိခင်များ သူတို့ရဲ့မိသားစုအတွက် အနံ့အရသာနှင့် ပြည့်စုံကောင်းမွန်တဲ့ ဟင်းလျာချက်ပြုတ်ရာမှာ ကူညီနိုင်မယ်လို့ အပြည့်အဝ ယုံကြည်ထားကြောင်း" ပြောကြားခဲ့ပါတယ်။
မက်ဂီပဲငံပြာရည်နှင့် ခရုဆီကို စျေးဆိုင်များ၊ လက်လီ အရောင်းဆိုင်များနှင့် စူပါမားကတ်များတွင် ဝယ်ယူရရှိနိုင်ပြီး အရွယ်အစားအနေဖြင့် နှစ်မျိုးရှိပါသည်။ ၂၀၀ဂရမ်ခန့် မက်ဂီ ပဲငံပြာရည်နဲ့ ခရုဆီကို ၁၀၀၀ ကျပ် အောက်နှင့် ရ၀၀ဂရမ်ခန့်ပါဝင်တဲ့ မက်ဂီဘူးများကို ၂၀၀၀ ကျပ် အောက်နှုန်းထားဖြင့် Myanmar Dirstribution Group (MDG) မှ တစ်နိုင်ငံလုံးကို ဖြန့်ဖြူးရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
မက်ဂီကို ၁၉၃၀ ခုနှစ်မှ စတင်ထုတ်လုပ်ခဲ့ပြီး ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်းများစွာတွင် ရောင်းချလျက်ရှိသော နိုင်ငံတကာ အသိအမှတ်ပြု အမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags