၂၀၁၆ နှစ်ကုန် ATP အဆင့် သတ်မှတ်ချက်တွင် ကမ္ဘာ့အဆင့် (၁) အဖြစ် မာရေး ရပ်တည်

၂၀၁၆ နှစ်ကုန် ATP အဆင့် သတ်မှတ်ချက်တွင် ကမ္ဘာ့အဆင့် (၁) အဖြစ် မာရေး ရပ်တည်
(ဓာတ်ပုံ - အီးပီအေ)

ဗြိတိန် တင်းနစ်ကစားသမား အန်ဒီမာရေးဟာ တနင်္ဂနွေနေ့က တင်းနစ်ရာသီပိတ် ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ATP World Tour Finals ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီးနောက် ၂၀၁၆ နှစ်ကုန်အတွက် တနင်္လာနေ့က ထုတ်ပြန်လိုက်တဲ့ ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ (ATP) ရဲ့ တစ်ဦးချင်း အဆင့်သတ်မှတ်ချက်တွင် ကမ္ဘာ့အဆင့် (၁)အဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။  

အသက် ၂၉ နှစ်အရွယ် မာရေးဟာ ကစားသမားဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့အဆင့် (၁) နေရာကို နိုဝင်ဘာ ရ ရက်နေ့က ဦးဆောင်ခဲ့ပြီး တနင်္ဂနွေနေ့က ဂျိုကိုဗစ်ကို အနိုင်ကစားပြီးနောက် ဆက်လက် ဦးဆောင်နေနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ကနေဒါ တင်းနစ်ကစားသမား ရာအိုနစ်က တတိယနေရာကို ခုန်တက်ခဲ့တာကြောင့် ဆွစ်ဇာလန်ကစားသမား ဝေါ်ရီကာမှာ စတုတ္ထနေရာကို ကျဆင်းသွားပါတယ်။ ဂျပန်ကစားသမား နီရှီကိုရီကတော့ ပဥ္စမနေရာမှာပဲ ဆက်ရှိနေပါတယ်။

စပိန်ကစားသမား မွန်ဖေးလ်ရဲ့ သတ္တမနေရာကို ခရိုအေးရှား တင်းနစ်သမား မာရင်း ဆီလက်က သိမ်းပိုက်လိုက်တာကြောင့် မွန်ဖေးလ်က ဆဌမနေရာကို ရောက်ရှိသွားပါတယ်။  

စပိန်တင်းနစ်အကျော်အမော် ရာဖေးလ်နာဒါးလ်ကတော့ နဝမမြောက်နေရာအထိ ကျဆင်းသွားခဲ့ပါတယ်။

လက်ရှိ ATP (အမျိုးသား) အဆင့်များနှင့် ရမှတ်များ

၁) အန်ဒီ မူရေး (စကော့တလန်) ရမှတ် ၁၂,၆၈၅
၂) ဂျိုဂိုဗစ် (ဆားဗီးယား) ရမှတ် ၁၁,၇၈၀
၃) ရာအိုနစ် (ကနေဒါ) ရမှတ် ၅,၄၅၀
၄) ဝေါ်ရီကာ (ဆွစ်ဇာလန်) ရမှတ် ၅,၃၁၅
၅) နီရှီကိုရီ (ဂျပန်) ရမှတ် ၄,၉၀၅
၆) မာရင်း ဆီလက် (ခရိုအေးရှား) ၃,၆၅၀
၇) မွန်ဖေးလ် (ပြင်သစ်) ရမှတ် ၃,၆၂၅
၈) ဒေါ်မနစ်သိမ်း (သြစတြီးယား) ရမှတ် ၃,၄၁၅
၉) နာဒါးလ် (စပိန်) ရမှတ် ၃,၃၀၀
၁၀) သောမတ် ဘာဒက်ခ် (ချက်) ရမှတ် ၃,၀၆၀

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly