ပထမဆုံး ရာသီကြို ခြေစမ်းပွဲတွင် ကလပ်အမေရိကအသင်းကို မန်ယူအနိုင်ရရှိ

ပထမဆုံး ရာသီကြို ခြေစမ်းပွဲတွင် ကလပ်အမေရိကအသင်းကို မန်ယူအနိုင်ရရှိ

ဇူလိုင် ၁၈၊ ဝါရှင်တန်ဒီစီ ။     ။ မန်ယူအသင်းသည် ပထမဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ရာသီကြိုခြေစမ်းပွဲစဉ်တွင် ကလပ်အမေရိက အသင်းကို ကစားသမားသစ် ရှနိုက်ဒါလင်၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

အနိုင်ဂိုးကို ပွဲချိန် ၅ မိနစ်မှာပင် ရရှိခဲ့ခြင်း ဖြစ်ပြီး မာတာညာတောင်ပံက အမြောက်ဘောတင်ပေးလိုက်သည်ကို ကွင်းလယ် ကစားသမား ရှနိုက်ဒါလင်က ခေါင်းတင်သွင်းယူခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည် ယခုပွဲစဉ်တွင် ပထမပိုင်း၌ ဂိုးသမား ဂျွန်စတုန်း၊ နောက်တန်းတွင် ဒါမီယန်၊ ဖေးလ်ဂျုံးစ်၊ ဒါလေဘလိုင်း၊ လုခ်ရှော၊ ကွင်းလယ်တွင် ကာရစ်၊ ရှနိုက်ဒါလင်၊ မာတာ၊ ဒီပေး၊ အက်ရှ်လေယန်းနှင့် ရွန်နီကို အထောင်တိုက်စစ်မှူးအဖြစ် ထားကစားခဲ့သည်။

ဒုတိယပိုင်းတွင် တစ်သင်းလုံးလူလဲကစားခဲ့ပြီး ဂိုးသမားနေရာတွင် လင်ဒီဂတ်၊ ခံစစ်တွင် ဘလက်ကတ်၊ မက်နဲ၊ စမောလင်း၊ အီဗန်၊ ကွင်းလယ်နဲ့ တိုက်စစ်မှာ ရှဝိန်းစတိုင်ဂါ၊ ဟာရဲရား၊ ယာနူဇေး၊ လင်ဂတ်၊ ပါရီယာနှင့် ဝီလ်ဆင်တို့ ကစားခဲ့ကြသည်။

မန်ယူအသင်းသည် အနိုင်ရရှိခဲ့သော်လည်း တစ်ပွဲလုံးခြုံကြည့်လျှင် ကလပ်အမေရိကအသင်း ကဘောလုံး ပိုင်ဆိုင်မှု ပိုမိုအသာ ရခဲ့သည်။

မန်ယူအသင်း၏ ကစားသမားသစ်များဖြစ်သော ရှဝိန်းစတိုင်ဂါမှာ နံပါတ် ၂၃၊ ဒီပေးက နံပါတ် ၉၊ ရှနိုက်ဒါလင်မှာ နံပါတ် ၂၈နှင့်နောက်ခံ လူဒါမီယန်မှာ နံပါတ် ၃၆ ဝတ်ဆင်ကစားခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly