သူရဲကောင်းဂူသချင်္ုိင်းမှ မားကို့စ်၏ ရုပ်အလောင်းကို ပြန်ဖော်ပေးရန် အရေးဆို

သူရဲကောင်းဂူသချင်္ုိင်းမှ မားကို့စ်၏ ရုပ်အလောင်းကို ပြန်ဖော်ပေးရန် အရေးဆို

မနီလာ၊ နိုဝင်ဘာ ၂၁ ။          ။ ဖိလစ်ပိုင်နိုင်ငံတွင် လမ်းပေါ်တက် ဆန္ဒပြမှုများဖြစ်ပွားစေသည့် အာဏာရှင်မားကို့စ်အား သူရဲကောင်းဗိမာန်တွင် မြုပ်နှံသဂြိုဟ်လိုက်ခြင်းအပြီး သုံးရက်သာ ရှိသေးချိန် မားကို့စ်အလောင်းအား ပြန်ဖော်ပေးရန် တရားဥပဒေဘောင်အတွင်းက တောင်းဆိုလာကြသည်။

သေဆုံးပြီး ဆယ်စုနှစ်သုံးခုနီးပါး မပုပ်မသိုးအောင် စီရင်ထားသည့် မားကို့စ်၏ ရုပ်အလောင်းအား နိုဝင်ဘာ ၁၈ ရက်က စစ်တပ်၏ ဂုဏ်ပြုမှုနှင့်အတူ သူရဲကောင်းဂူသချင်္ုိင်း၌ သိုသိုသပ်သပ်   မြုပ်နှံသဂြိုင်္ဟ်ခဲ့ရာ  များစွာသောအကျင့်ပျက်ခြစားမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျုးလွန်သူဟု မားကို့စ်အား စွပ်စွဲပြောဆိုနေသူများအတွက် စိတ်ဆိုးဒေါသထွက်စရာဖြစ်ခဲ့ရသည်။

မားကို့စ်အုပ်ချုပ်ချိန်အတွင်း မတရားစီရင်ခြင်း ခံခဲ့ရသူများ၏ ဆွေမျိုးအသိုင်းအဝန်းများက သူရဲကောင်းဗိမာန်တွင် မားကို့စ်အား သင်္ဂြိုဟ်မည့် ဆုံးဖြတ်ချက်ကို အယူခံဝင်ရန် လုံလောက်သည့် အချိန်မပေးခဲ့ကြောင်း ပြောဆိုလျက် မားကို့စ်ရုပ်အလောင်းအား ပြန်ဖော်ရန် တရားရုံးချုပ်သို့ တောင်းဆိုခြင်းဖြစ်သည်။

“ပစ္စည်းဥစ္စာ မတရား သိမ်းပိုက်သူ၊ ရက်စက်တဲ့ အာဏာရှင်၊ ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်သူကို မွန်မြတ်သူတွေ မြှပ်နှံရာမှာ ဘယ်လိုဂုဏ်ပြုပြီး မြှပ်နှံထိုက်မှာလဲ။”ဟု လွှတ်တော်အမတ် လက်ချ်မန်းက ပြောသည်။ လက်ချမန်း၏ ညီဖြစ်သူမှာ မားကို့စ်အား ဆန့်ကျင်၍ အဓမ္မခေါ်ဆောင်သွားခံရပြီး နောက်ပိုင်းအစရှာမရအောင် လုံးလုံးပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် သီတင်းနှစ်ပတ်အချိန်က ဖိလစ်ပိုင်တရားရုံးချုပ်သည် မားကို့စ်အား သူရဲကောင်းဂူသချင်္ုိင်းတွင် မြှပ်နှံမည့် သမ္မတဒူတာတေး၏ဆုံးဖြတ်ချက်အား အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly