၁၆ ရက်တာ လှုပ်ရှားမှု လူထုအသိပညာပေးအစီအစဉ်နှင့် ပတ်သက်သည့် မိတ်ဆက်ပွဲအခမ်းအနားကျင်းပ

၁၆ ရက်တာ လှုပ်ရှားမှု လူထုအသိပညာပေးအစီအစဉ်နှင့် ပတ်သက်သည့် မိတ်ဆက်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊နိုဝင်ဘာ ၂၁ ။            ။ ၁၆ ရက်တာ လှုပ်ရှားမှု လူထုအသိပညာပေးအစီအစဉ်နှင့် ပတ်သက်သည့် မိတ်ဆက်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၁ ရက်နေ့တွင် Orchid ဟိုတယ်၌ ကျင်းပခဲ့သည်။

နိုဝင်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၁၀ရက်နေ့အထိ ၁၆ ရက်တာလှုပ်ရှားမှု အစီအစဉ်များမှာ"ထာဝရဖဲကြိုးဖြူ" သီချင်း ဆိုပြိုင်ပွဲ၊ လူထုအသိပညာပေး Flash Mod လှုပ်ရှားမှုများ၊ Myanmar Cable News နှင့် ပူးပေါင်း၍ အသိ ပညာပေး ရုပ်သံ ရိုက်ကူးထုတ်လွှင့်မှုများ၊ FM ရေဒီယိုများမှ အသံလွှင့် အစီအစဉ်များနှင့် ပြည်နယ်၊ တိုင်းများတွင် ၁၆ ရက်တာ လှုပ်ရှားမှုလူထု အသိပညာပေးအစီအစဉ်များ ပါ၀င်မည်ဖြစ်ကြောင်း သိရသည်။

" အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကို ကာကွယ်ပေးနိုင်တဲ့ ဥပဒေတွေကို တိတိကျကျ ပြဌာန်းပေးဖို့လို တယ်၊ဥပဒေတွေနဲ့ သေသေချာချာလုပ်သွားမယ်ဆိုရင် ကျွန်မတို့ နိုင်ငံမှာ ဒီလိုမျိုးအကြမ်းဖက်မှုတွေဟာ လျော့သွာမှာ ပါ" ဟု ၁၆ ရက်တာလှုပ်ရှားမှု လုပ်ငန်းအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်နီလာထွန်းက ဆိုသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအတွက် ပြည်သူလူထုအကြား အသိပညာတိုးပွားလာစေရန် ရည်ရွယ်် ၍ ကျင်းပသည့် "ထာဝရဖဲကြိုးဖြူ" သီချင်းဆိုပြိုင်ပွဲကို အစီအစဉ်ကို Skynet ရုပ်သံလိုင်းများဖြစ်သည့် Channel 9 နှင့် Pay Per View တို့မှ နိုဝင်ဘာ၂၅ရက်နေ့တွင် ထုတ်လွှင့်ပြသမည်ဖြစ်ပြီး MNTV မှလည်း ထပ်မံထုတ်လွှင့်သွားမည် ဖြစ်သည်။

လူထုအသိပညာပေး Flash Mod အစီအစဉ်ကို ၁၆ ရက်တာလှုပ်ရှားမှု ကာလအတွင်း ရန်ကုန်မြို့ရှိ မြို့နယ်ပေါင်း ၂၀ ကျော်တွင် ပြုလုပ်မည်ဖြစ်ပြီး အစီအစဉ်များအဖြစ် ၁၆ ရက်တာလှုပ်ရှားမှုဆိုင်ရာ အကြောင်းအရာများအား အသိပညာ ပေးဟောပြောပွဲများပြုလုပ်ခြင်း၊ အသိပညာပေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပ ပျောက်ရေးနှင့် ပက်သက်သည့် သရုပ်ဖော်အစီအစဉ်၊ အမေးအဖြေကဏ္ဍများနှင့် One Billion Raising တေးသရုပ်ဖော် အကများ ပါ၀င်မည်ဖြစ်သည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်အမျိုးသားများ ပူးပေါင်းပါ၀င် မှု၏ အ ရေးပါပုံနှင့် ပက်သက်ပြီး စကားဝိုင်းဆွေးနွေးပွဲများကို အမျိုးသားများပူးပေါင်းပါ၀င်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင်များ၊ အနုပ ညာ ရှင်များနှင့်အတူ ရိုက်ကူးပြီး City FM နှင့် Mandalay FM မှ တစ်ဆင့် ထုတ်လွှင့်သွားမည်ဖြစ် ကြောင်းသိရသည်။

နိုဝင်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၁၀ ရက်နေ့အထိသည် နိုင်ငံတကာတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပ ပျောက်ရေးအတွက် လူထုအသိပညာပေး အစီအစဉ်များ လှုပ်ရှားဆောင်ရွက်ကြသော ၁၆ ရက်တာ ကာလ ဖြစ်ပြီး ၂၀၁၆ ခုနှစ်အတွက် ဆောင်ပုဒ်မှာ "အိမ်တွင်းငြိမ်းချမ်းရေးမှသည် ငြိမ်းချမ်းသောကမ္ဘာဆီသို့ ၊အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုပပျောက်ဖို့ အမျိုးသားများလည်းပါ၀င်စို့"ဟူ၍ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly