မြန်မာနိုင်ငံက စူပါဟီးရိုး ပြတိုက်

မြန်မာနိုင်ငံက စူပါဟီးရိုး ပြတိုက်

လူတစ်ချို့မှာ ကိုယ်ဝါသနာပါတဲ့ ပစ္စည်းလေးတွေကို စုဆောင်းတတ်တဲ့ ဝါသနာမျိုးရှိပါတယ်။ ဘဝမှာ ကိုယ်ရူးသွပ်တဲ့ အရာဝတ္ထုပစ္စည်းတွေကို စုဆောင်းနေရာတာက တစ်ချို့လူတွေအတွက် တကယ့်ကို ကောင်းမွန်တဲ့ ခံစားချက်မျိုးခံစားရတတ်ပါတယ်။

ဖိနပ်လေးတွေစုဆောင်းတာ၊ တံဆိပ်ခေါင်းလေးတွေစုဆောင်းတာ၊ တစ်ချို့ဆို ကလေးအကျီင်္လေးတွေ စုဆောင်းတဲ့အထိကို ကိုယ့်ဝါသနာနဲ့ စိတ်ပျော်ရွှင်မှုအတွက် ထူးထူးဆန်းဆန်းပစ္စည်းလေးတွေကို စုဆောင်း တတ်ကြပါတယ်။ ဒီလိုထူးခြားတဲ့ အရာဝတ္ထုပစ္စည်းတွေကို စုဆောင်းတဲ့နေရာမှာ ဟောလီးဝုဒ်ရုပ်ရှင်ကားတွေထဲက စူပါဟီးရိုး Figure တွေကို စုဆောင်းပြီး ဓာတ်ပုံတွဲရိုက်နိုင်တဲ့ စတူဒီယိုတစ်ခု မြန်မာနိုင်ငံမှာ ရှိနေပါပြီ။

Collection လုပ်ရတာ ဝါသနာပါတဲ့ ကိုအောင်ရဲမောင်မောင်

အဓိကကတော့ ၀ါသနာ လိုု့ပြောရမှာပဲ။ အကိုု က Collectionလေးတွေ စုုဆောင်းရတာ ၀ါသနာပါတယ်။ ၂၀၁၂ ၀န်းကျင်လောက်ထဲ က Figure ပိစိလေးတွေကိုု စုုတယ်။ တွေ့တဲ့ နေရာတိုုင်းပဲ ၀ယ်ဖြစ်ခဲ့ပါတယ်။ နိုုင်ငံခြားရောက်လည်း ၀ယ်တယ်။ ပြည်တွင်း မှာလည်း တွေ့ရင် ၀ယ်ဖြစ်တယ်။ ၀ယ်ပြီးရင်လည်း သူတိုု့ကိုု ဒီတိုုင်း ပစ်မထားဘူး။ သေသေချာချာ လေးသိမ်းတယ်။

စူပါဟီးရိုးဇာတ်ကောင်တွေကို တစ်ကမ္ဘာလုံးက ကလေး၊ လူကြီးပရိသတ်တွေအားလုံး ကြိုက်နှစ်သက်ကြပါတယ်။ ကိုအောင်ရဲမောင်မောင်ကတော့ ဒီ စူပါဟီးရိုး Figure တွေကို ဝါသနာအရ စုဆောင်းပြီး ဝါသနာတူတွေ လေ့လာနိုင်အောင်၊ အမှတ်တရ ဓာတ်ပုံရိုက်နိုင်အောင် စတူဒီယိုဖွင့်လှစ်ထားသူပါ။ ၂၀၁၂ခုနှစ်ကတည်း ဒီ Figure တွေကို စုဆောင်းခဲ့ပြီး အလုပ်ပင်ပန်းနေချိန်တွေမှာစူပါဟီးရိုး Figure တွေက သူ့အတွက် အမောပြေဆေးတစ်ခွက်ပါ။  နိုုင်ငံခြားရောက်လည်း ၀ယ်တယ်။ ပြည်တွင်း မှာလည်း တွေ့ရင် ၀ယ်ဖြစ်တယ်။ ၀ယ်ပြီးရင်လည်း သူတိုု့ကိုု ဒီတိုုင်း ပစ်မထားဘူး။ သေသေချာချာ လေးသိမ်းတယ်။ ဗီဒိုုလေးတွေ မှာ သေချာ စီစီရီရီထားတယ်။ တစ်ခါတစ်လေ မှာ ကုုိယ် အလုုပ်က ပင်ပန်းလာတာအချိန်မှာ ကိုုယ်စုုထားတဲ့ စုုဆောင်းမှုလေးတွေကိုု ကြည့်လိုုက်ရင် အမောပြေတယ်လိုု့ ခံစားမိတယ်။ လို့ ကိုအောင်ရဲမောင်မောင်က ပြောပါတယ်။

Figure အသေးလေးတွေကို ဝါသနာအရ ဝယ်ယူစုဆောင်းလာရာကနေ ၂၀၁၅ နောက်ပိုင်းမှာ Figure အကြီးတွေကိုပါ စုဆောင်းဖြစ်လာပါတယ်။ သူ့အနေနဲ့ Figure တွေစုဆောင်းရာမှာ အချိန်၊ ငွေကြေး၊ အခက်အခဲတွေအပြင် အခြားအခက်အခဲများစွာ ရင်ဆိုင်ခဲ့ရပေမယ့် ဝါသနာကို အရင်းခံပြီး အခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။  နောက်ပိုုင်း၂၀၁၅ နှစ်ဆန်းပိုုင်းမှာတော့ Figure အကြီးကြီးတွေ စစုုလာတယ်။ ပထမဆုံုး စုုဖြစ်ခဲ့တာကတော့ Hulk Statue ကြီးနဲ့ Thor တူ ကိုု စတင်စုုဆောင်းဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုုင်းမှာတော့ Hot Toys brand တွေကိုု ပိုု စုုဖြစ်လာသလိုု၊ SideShow Official 1/4 Statue တွေ ပိုုစုုဖြစ်လာတယ်။ ဘာကြောင့် စုုခဲ့လဲ ဆိုုရင်တော့ Collectionလုုပ်ရတာ ၀ါသနာ ပါလိုု့ပါ။

ကြံုတွေ့ရတဲ့အခက်အခဲ

ကိုအောင်ရဲမောင်မောင်အနေနဲ့ စူပါဟီးရိုး Figure တွေကို စုဆောင်းရာမှာ အခက်အခဲတွေအမျိုးမျိုးကြံုတွေ့ခဲ့ရပါတယ်။ ဒီလို Figure မျိုးတွေက မြန်မာနိုင်ငံမှာ အလွယ်တကူဝယ်ယူလို့ မရနိုင်တဲ့အတွက် နိုင်ငံခြားကနေလှမ်းမှာရတာပါ။ ဒီလိုမှာယူတဲ့နေရာမှာ ငွေကြေး၊ သယ်ယူပို့ဆောင်မှု၊ နေရာအခက်အခဲ စတာတွေက သူ့အတွက် စိန်ခေါ်မှုတွေပါ။

အဓိက အခက်အခဲကတော့ ထားစရာ နေရာ ကျပ်လာတာပါ။ ပြီးတော့ ဒီပစ္စည်းတွေကိုု နိုုင်ငံခြားက သယ်ယူတဲ့ အပိုုင်းတွေ မှာလည်း အခက်အခဲ ရှိတယ် သူတိုု့ ကိုု မပျက်အောင် သေချာ သယ်ရတာတွေ၊ ပြီးတော့ ဒီ ပစ္စည်းတွေက အထိအခိုုက်မခံတဲ့ ပစ္စည်းတွေဖြစ်တဲ့ အတွက် တစ်နေရာက တစ်နေရာ သယ်ရတဲ့ အပိုုင်းတွေ မှာ တော်တော် သတိထားပြီး သယ်ရတယ်။ နောက်တစ်ခုု က အရမ်း ရှားလာတဲ့ ပစ္စည်းတွေ ဆိုုု ဟိုု ဘက် နိုုင်ငံတွေ မှာထဲက စျေးတွေ အရမ်း ကြီးလာတော့ အကိုု တိုု့ မှာရတာတွေမှာ အခက်အခဲတွေ ရှိလာပါတယ်။

ကိုအောင်ရဲမောင်မောင်ဟာ ဒီ Figure တွေစုဆောင်းဖို့အတွက် ငွေအများကြီး သုံးခဲ့ရပေမယ့် သူကတော့ ဝါသနာအတွက် ကုန်ကျစရိတ်ကို မမှုခဲ့ပါဘူး။ သူက အခြားလူငယ်တွေကိုလည်း ကိုယ်ဝါသနာပါရာ Figure တွေကို စုဆောင်းဖို့အတွက် တိုက်တွန်းခဲ့ပါသေးတယ်။

စူပါဟီးရိုးစတူဒီယို

စူပါဟီးရိုး Figure တွေကို တစ်ယောက်တည်းစုဆောင်းပြီး စိတ်ကျေနပ်မှုရနေတာကို မတင်းတိမ်နိုင်တော့တဲ့ ကိုအောင်ရဲမောင်မောင်ဟာ စူပါဟီးရိုးစတူဒီယိုလေးတစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။ သူစတူဒီယိုဖွင့်ဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ ဝါသနာတူလူငယ်တွေ ကြည့်ရှုခံစားနိုင်ဖို့နဲ့ အမှတ်တရဓာတ်ပုံတွဲရိုက်နိုင်ဖို့ပါ။

စတူဒီယိူ ဖွင့်ဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ ကိုုယ်နဲ့ဝါသနာတူတဲ့ သူတွေ ဒီ Figure တွေ ခံစားနိုုင်အောင် ရည်ရွယ်တာပါ။ နောက်တစ်ခုု ကလူငယ်တွေ အနေနဲ့  ကိုုယ်ဝါသနာ ပါတဲ့  Collectionလေးတွေ စုုဆောင်းတာကိုု တွန်းအားပေးချင်တဲ့ သဘောလည်း ဖြစ်ပါတယ်။ အခုုနောက်ပိုုင်း လူငယ်တွေ အနေနဲ့ ပိုုက်ဆံ သုံုးတဲ့အပိုုင်း မှာ ပျက်စီးနိုုင်တဲ့ အခြေနေတွေသူတိုု့အတွက် အကျိုးမရှိပဲ ပျက်စီးနိုုင်တဲ့ အခြေနေတွေထက် ကိုုယ်ဝါသနာလေး တစ်ခုုကိုု Collectionတွေ အတွက် Scale Model တွေ စုုဆောင်းနိုုင်အောင် ရည်ရွယ်တယ်လိုု့လည်း ပြောနိုုင်ပါတယ်။ စတူဒီယိုု ဖွင့်လိုုက်တဲ့ ရည်ရွယ်ချက်နောက်တစ်ခုုကတော့ ဒီ Collection တွေ ကိုု လူများများ သိအောင်၊ စျေးနှုန်း သက်သက်သာသာ နဲ့သူတိုု့ ဒီ Figure တွေမဲ့အမှတ်တရ ဓာတ်ပုံု တွဲရိုုက်နိုုင်အောင် ရည်ရွယ်ပါတယ်။

ကိုအောင်ရဲမောင်မောင်ရဲ့ စူပါဟီးရိုးစတူဒီယိုဟာ ဝါသနာတူတွေအတွက်တော့ တကယ့်ကို တန်ဖိုးမဖြတ်နိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဟောလီးဝုဒ် ရုပ်ရှင်ဇာတ်ကားတွေထဲက သူရဲကောင်းတွေနဲ့ ဓာတ်ပုံတွဲရိုက်ခွင့်ရမှာဖြစ်သလို သူတို့တွေရဲ့အသုံးအဆာင်တွေကိုလည်း အနီးကပ်တွေ့မြင်ခံစားရမှာပါ။ ကိုအောင်ရဲမောင်မောင်ရဲ့ အိပ်မက်ကတော့ တစ်ချိန်မှာ စူပါဟီးရိုးစတူဒီယိုတွေကို   မြန်မာနိုင်ငံရဲ့မြို့ကြီးတွေမှာပါ ဖွင့်လှစ်နိုင်ဖို့ပါ။ မိတ်ဆွေ သင်က စူပါဟီးရိုးခရေဇီလား။ ဒါဆိုရင်တော့ ကိုအောင်ရဲမောင်မောင်ရဲ့ စူပါဟီးရိုးစတူဒီယိုကို တစ်ခေါက်လောက် အရောက်သွားကြည့်လိုက်ပါ……။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly