ရှုတ်ထွေးမှုများတဲ့ သင်္ဘောသားလောက

ရှုတ်ထွေးမှုများတဲ့ သင်္ဘောသားလောက

၁၉၅၃ ခုနှစ်မတိုင်ခင်ထဲက မြန်မာနိုင်ငံမှာ သင်္ဘောသားဆိုတာ ရေပန်းစားနေခဲ့တာပါ။ လက်ရှိအချိန်မှာ မှတ်ပုံတင်ထားတဲ့ သဘောင်္သားပေါင်း တစ်သိန်းလောက်ရှိနေပြီး အလုပ်အကိုင်အခွင့်အလမ်းလည်း တစ်ဖြည်းဖြည်းနဲ့ နည်းပါးလာပြီလို့ MRTV စီးပွားရေးသတင်းရဲ့ တွေ့ဆုံမေးမြန်းမှုတစ်ချို့ကနေ သိရပါတယ်။ တစ်ဘက်မှာလည်း သဘောင်္သားတွေအပေါ်မှာ အခွင့်ကောင်းယူလိမ်လာမှုတွေ ပြုလုပ်လာကြတဲ့ ကုမ္ပဏီတွေလည်း ရှိလာနေပါတယ်။

တစ်ခေတ်တစ်ခါတုန်းက သဘောင်္သားဆိုရင် ပျိုတုန်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ခဲ့ တာပါ။ သူတို့ကဒေါ်လာငွေတွေ အများကြီးရှာနိုင်တယ်ဆိုပြီး လူအထင်ကြီးခံခဲ့ရတယ်ဆိုရင် မှားမယ်မထင်ပါဘူး။

ဒီဘက်ခေတ်ကိုရောက်လာတဲ့ အချိန်မှာလည်း နိုင်ငံခြားဝင်ငွေရှာနိုင်တဲ့ သင်္ဘောသားအလုပ်ကို လုပ်ချင်တဲ့သူက သိပ်ပြီးလျော့ကျ သွားတာတော့ မရှိပါဘူး။ ဒါပေမယ့် လိမ်ညာတတ်တဲ့ သဘောင်္တင်ပေးတဲ့ ကုမ္ပဏီအချို့ကြောင့် သဘောင်္တက်ဖို့  အခက်တွေ့နေရတယ်လို့ လူငယ်သဘောင်္သားတစ်ဦးက သူ့ရဲ့အတွေ့အကြံုကိုပြောပြလာပါတယ်။

"ကျတော်တို့ အစိုးရကကြည့်ပေးရမှာပေါ့။ ဥပမာလိုင်စင်လာဝင်ထဲက သင်္ဘောတကယ်ရှိလားမရှိလား။ ဘယ်နှစ်စီးရှိလဲ။ ဘာအမျိုးစားတွေလဲ ဒါသေချာတကယ်စိစစ်ပြီးမှ ချပေးရမှာဒီလိုမျိုးမစိစစ်ဘဲနဲ့ ချပေးလိုက်တယ်။ သင်္ဘောသားကိုခေါ်တယ် ဟိုကကုမ္ပဏီရသွားတော့ ပြီးရင် သူ့မှာလည်းသင်္ဘောမရှိဘူး။" လို့ သင်္ဘောသား ကိုလင်းထက်အောင်က ပြောပါတယ်။

သူပြောပြတဲ့ သင်္ဘောသားတွေ လိမ်ညာခံရတဲ့ ဖြစ်ရပ် နောက်ထပ်တစ်ခုက ...

"ဒီဘက်ဖြစ်နေတဲ့ ကုမ္ပဏီတွေကဟိုဘက် အေးဂျင့်တွေနဲ့ ချိတ်ဆက်ပြိီးတော့မှာတင်ပေးလိုက်တယ် သင်္ဘောသားတွေကိုအယောက် ၂၀-၂၅ ယောက် ဟိုဘက်ရောက်တော့ ဘာဖြစ်လဲဆိုတော့ ဟိုဘက်ကအေးဂျင့်က လိမ်သွားတယ်တယ် လိမ်သွားတော့ သင်္ဘောသားတွေက ပြန်လာရပြန်ရော လေယာဉ်ကွင်းကနေ ပြန်လာရောပိုက်ဆံတွေဆုံးကုန်ရော။ ဘယ်သူ့ဆီ လိုက်တောင်းလို့   တောင်းရမှန်းလဲ မသိဘူး"

အဲဒိလိုအခက်အခဲပြဿနာတွေကြောင့် သူတို့ရဲ့ မကျေနပ်တာတွေကိုအခုလဆန်းပိုင်းတုန်းကလည်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ လက်ရှိအချိန်မှာဘယ်အဖွဲ့အစည်းကမှ ခိုင်မာမှုမရှိဘဲလိမ်လည်မှုတွေရှိလာခဲ့ရင် ဘယ်သူ့ကိုအားကိုးရမလဲဆိုပြီးမေးခွန်းထုတ်ကြပါတယ်။

ဒါနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံပင်လယ်ကူးသဘောင်္သားများအဖွဲ့ချုပ်က တာဝန်ရှိသူတစ်ဦးကိုဆက်သွယ် မေးကြည့်တော့…..

"ကုမ္ပဏီကြီးတွေလဲရှိပါတယ်၊တချို့ကုမ္ပဏီကြိးမဟုတ်ပေမယ့် အလယ်အလတ်နဲ့ သင်္ဘောအမှန်ကန်ရှိတဲ့ ကုမ္ပဏီတွေလည်းရှိပါတယ်။ နောက်တခါ သင်္ဘောကုမ္ပဏီမရှိဘဲနဲ့ ဟန်ပြအနေနဲ့  SRPS ရထားကုမ္ပဏီတွေလည်းရှိပါတယ်။ အဲလိုသုံးမျိုးလောက်တော့ရှိပါတယ်။ တကယ်အများဆုံးပြသာနာတက်က တတိယအတန်းစားသင်္ဘောမရှိဘူးပေါ့၊ ရှိရင်လည်း တိတိကျကျမဟုတ်သော ခိုင်မာမှုမရှိသော တစ်ဘက်ကကုမ္ပဏီတွေနဲ့ဆက်သွယ်ထားတဲ့ ဗမာပြည်က SRPS ရရှိထားတဲ့အဖွဲ့ တွေနဲ့အများဆုံးပြဿနာတက်တာပါ။" လို့ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်စိန်က မဇ္ဈိမကို ရှင်းပြသည်။

သူတို့ဆီကရယူထားတဲ့ အချက်အလက်တွေအရဆိုမှတ်ပုံတင်ထားတဲ့ သဘောင်္သားတစ်သိန်းလောက်ရှိနေပြီး လက်ရှိသင်္ဘောပေါ်မှာ အလုပ်လုပ် ကိုင်နေကြတာက သုံးသောင်းလောက်ရှိတယ်လို့ သိရပါတယ်။
နောက် သင်္ဘောသားလုပ်ငန်းလုပ်ကိုင်ခွင့်ရ ကုမ္ပဏီတွေဟာဆိုရင်လည်းအခုဆို ၁၆၀ ကျော်ဝန်းကျင်လောက်ရှိနေတာပါ။ အခုလို လိမ်လည်မှုတွေများလာတဲ့  အချိန်မှာအဖွဲ့ချုပ်အနေနဲ့  ပြသနာတွေကို ဘယ်လိုဖြေရှင်းပေးနေလဲဆိုတာနဲ့ ပတ်သက်ပြီး မေးကြည့်တဲ့အခါမှာတော့..

"အတတ်နိုင်ဆုံးဘယ်လိုလုပ်လဲဆိုတော့ ဆရာတို့ဆီလာတဲ့ ကေ့စ်ကိုဆရာတို့ ဥက္ကဋ္ဌက ဦးဆောင်ပြီးဖြေရှင်းတာများတယ်၊ ဖြေရှင်းတယ်ဆိုတာအဖွဲ့နဲ့ပေါ့နော် တိုင်ပင်ပြီးတော့ ဖြေရှင်းတဲ့နေရာမှာ နံပါတ်တစ်ကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဒီတိုက်ရိုက်သက်ဆိုင်တဲ့ ကုမ္ပဏီတွေနဲ့ ညှိနှိုင်းဆွေးနွေးပြီးတော့ ပေါင်းစပ်ဖြေရှင်းတယ်။ မရရင် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့စည်းနဲ့ လက်မှတ်ထိုးပေးထားသော DMA နဲ့ ညှိနှိုင်းပေါင်းစပ်တယ် ပြီးရင် ကျွန်တော်တို့က နိုင်ငံခြားနဲ့ ပတ်သက်လာရင် နိုင်ငံခြားကသံရုံးတွေ ILO တို့ဘာတို့နဲ့ တိုင်ပင်ပြီးတော့လုပ်ပါတယ်။" လို့ ဦးတင်စိန်က ပြောပါတယ်။

ဒီသင်္ဘောသားလိုင်စင်တခုရဖို့က ငွေကျပ်သိန်းငါးဆယ်ဝန်းကျင်လောက် ကုန်ကျတာဖြစ်ပြီး ဒီလိုင်စင်တခုပိတ်သိမ်းခံရလည်းနောက် ကုမ္ပဏီနာမည်တခုနဲ့ ထပ်မံလျှောက်ထားပြီး လုပ်ကိုင်နေကြတာတွေလည်း ရှိနေပါတယ်။ ပြီးတော့ ကုမ္ပဏီတော်တော်များများက သင်္ဘောသားဆွေဆီက ဝန်ဆောင်ကြေးယူစဉ်မှာ စာချုပ်ချုပ်လက်မှတ်ထိုးပေးတာမျိုး မရှိတာကိုလည်း တွေ့ရှိရတယ်လို့ လေ့လာရပါတယ်။ မဇ္ဈိမအနေနဲ့ သဘောင်္လိုင်း ရခုလောက်ကို ရိုက်ကူးမေးမြန်းတာလုပ်ဖို့ ဆက်သွယ်ခဲ့ပေမယ့် ငြင်းဆိုခဲ့တာကြောင့် သူတို့ရဲ့အသံတွေကိုတော့ ဖော်ပြနိုင်ခြင်းမရှိပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly