တောင်ကိုရီးယားသမ္မတ၏ မိတ်ဆွေနှင့် ရုံးအကူတို့အား အကျင့်ပျက်ခြစားမှုနှင့် တရားစွဲဆို

တောင်ကိုရီးယားသမ္မတ၏ မိတ်ဆွေနှင့် ရုံးအကူတို့အား အကျင့်ပျက်ခြစားမှုနှင့် တရားစွဲဆို

ဆိုးလ်၊ နိုဝင်ဘာ ၂၀ ။           ။ တောင်ကိုရီးယားအစိုးရရှေ့နေများက သမ္မတပက်ဂွမ်ဟေး၏ မိတ်ဆွေတစ်ဦးနှင့် အကြီးတန်းရုံးအကူတို့အား အကျင့်ပျက်ခြစားမှုဖြင့် တရားစွဲဆိုထားကြောင်း နိုုဝင်ဘာ ၂၀ ရက်က ထုတ်ပြန်လိုက်သည်။

သမ္မတနှင့် ပတ်သက်သည့် အရှုပ်တော်ပုံတွင် အဓိက ပါ၀င်ခဲ့သည့် ချောင်ဆွန်ဆေးနှင့် သမ္မတရုံးအကြီးတန်း အကူဖြစ်သူ အန်ချောင်ဘွန်းတို့အနေဖြင့် ဖောင်ဒေးရှင်းများတွင် ရန်ပုံငွေများ ထည့်ဝင်ရန် စီးပွားရေးကုမ္ပဏီများကို ဖိအားပေးမှုဖြင့် တရားစွဲဆိုခြင်းဖြစ်ေြ့ာင်း ဆိုးလ်ခရိုင်တရားရုံးအကြီးအကဲ လီယောင်ရေးက ပြောကြားသည်။

သမ္မတပက်ဂွမ်ဟေးအနေဖြင့်လည်း ယင်းအရှုပ်တော်ပုံတွင် ပါ၀င်ပတ်သက်နိုင်သောကြောင့် ၎င်းကိုလည်း စစ်ဆေးသွားမည်ဟု လီက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly