မဲဆောက်မြို့တွင် အထည်ချုပ် စက်ရုံဝန်ထမ်းများ ဆန္ဒပြ

မဲဆောက်မြို့တွင် အထည်ချုပ် စက်ရုံဝန်ထမ်းများ ဆန္ဒပြ

မြန်မာနိုင်ငံ မြဝတီမြို့နှင့်နယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ Garman (aka A1) အထည်ချုပ်စက်ရုံမှ အလုပ်သမား ၇၀၀ ခန့်သည် လုပ်ခတို့မြှင့် ရေးအပါအဝင် အချက် ၇ ချက်ကို တောင်းဆိုမှုအတွက် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

စက်ရုံပိုင်ရှင်များ၊ စီမံခန့်ခွဲရေးအဖွဲ့များနှင့် အလုပ်သမားများက ဇူလိုင်လ ၄ ရက်မှ စတင်ဆွေးနွေးခဲ့ကြသော်လည်း အချို့အချက် များတွင် သဘောတူညီမှုမရှိသောကြောင့် ယခုကဲ့သို့ ဆန္ဒပြခြင်းဖြစ်ကြောင်း သိရသည်။

အလုပ်သမားအဖွဲ့ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကိုကြည်စိုးက "ကျွန်တော်တို့တောင်းဆိုတဲ့ အချက် ၇ ချက် အနက်က ၆ ချက် အပေါ်မှာ သဘောတူညီချက်ရရှိပြီးဖြစ်ပါတယ်။ တစ်နေ့ လုပ်ခ ဘတ် ၂၀ တိုးမြှင့်ဖို့ကိုတော့ သဘောတူညီချက်မရသေးပါဘူး။

အလုပ်ရှင်တွေဘက်က မလိုက်လျောရင်တော့ ကျွန်တော်တို့ ဆက်လက် တောင်းဆိုသွားပါမယ်" ဟု Karen News သတင်းဌာန သို့ပြောကြားခဲ့သည်။

ရွှေ့ပြောင်းအလုပ်သမားများ တောင်းဆိုသည့် အချက်များတွင် လစာအား လစဉ် ၁၀ ရက်နေ့တွင် ပေးရန်၊ အချိန်ပိုအား ည ၁၀ နာရီနောက်ပိုင်း မခိုင်းရန်၊ စက်ရုံအနေဖြင့် အလုပ်သမားများအား အသိအမှတ်ပြု (ခရမ်းရောင် အိုင်ဒီကဒ်) ထုတ်ပေးရန်၊ လက်ရှိ လုပ်အားခထက် တစ်နေ့ ဘတ် ၂၀ ပိုပေးရန်၊ အလုပ်သမားများအား ခြိမ်းခြောက်မှု ရပ်တန့်ရန်နှင့် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးရေးအတွက် ဖိအားမပေးရန်၊ နေ့လည်စာစားချိန် အပြည်အဝပေးရန်နှင့် လုပ်ငန်းခွင် ထိခိုက်မှုများတွင် စက်ရုံက တာဝန်ယူပေးရန်တို့ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly