Game of Thrones သရုပ်ဆောင် Emilia Clarke က Han Solo သီးသန့်ရုပ်ရှင်တွင် ပါ၀င်မည်

Game of Thrones သရုပ်ဆောင် Emilia Clarke က Han Solo သီးသန့်ရုပ်ရှင်တွင် ပါ၀င်မည်

Star Wars တရားဝင် ၀က်ဘ်ဆိုက်မှ ကြေညာချက်အရ HBO ရုပ်သံလှိုင်းမှ ထုတ်လွှင့်သည့် နာမည်ကျော် စိတ်ကူးယဉ်ဇာတ်လမ်းတွဲဖြစ်သည့် Game of Thrones မှ နဂါးမယ်တော်အဖြစ်လူသိများသည့် သရုပ်ဆောင် Emilia Clarke ဟာ Star Wars ဇာတ်ကားတွေထဲမှ ဇာတ်ကောင် Han Solo ရဲ့ အကြောင်းကို ရိုက်ကူးမည့် ဇာတ်ကားသစ်ထဲတွင်ပါ၀င်လာမှာဖြစ်ပါတယ်။

ဒါပေမယ့် သူမဟာ ဘယ်ဇာတ်ကောင်နေရာကနေ ဘယ်လို ပါ၀င်မယ်ဆိုတာကိုတော့ ကြေညာချက်မှာ ဖော်ပြထားခြင်း မရှိပါဘူး။

တဆက်တည်းမှာပဲ သူမနဲ့အတူ တခြားပါ၀င်မယ့်သရုပ်ဆောင်အသစ်တွေကိုကြေညာခဲ့ပြီး Donald Glover က Lando Calrissian ရဲ့ အငယ်ဇာတ်ကောင်အဖြစ် သရုပ်ဆောင်မှာဖြစ်ပြီး Han Solo ရဲ့ အငယ်ဇာတ်ကောင်ကိုတော့ Alden Ehrenreich က ပါ၀င်သရုပ်ဆောင်မှာဖြစ်ပါတယ်။

Ref: The Verge

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly