နောက်ခံလူ ဘယ်လာရင်ကို အာဆင်နယ်အသင်း ကာလရှည် စာချုပ် ချုပ်ဆို

နောက်ခံလူ ဘယ်လာရင်ကို အာဆင်နယ်အသင်း ကာလရှည် စာချုပ် ချုပ်ဆို

ဇူလိုင် ၁၈၊ လန်ဒန်။ ။ အသက် ၂၀ အရွယ်သာရှိသေးသည့် လူငယ်နောက်ခံကစားသမား ဘယ်လာရင်ကို ကာလရှည်စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း အာဆင်နယ်အသင်းက အတည်ပြု ကြေညာလိုက်သည်။

စပိန်လူငယ်နောက်ခံကစားသမား ဘယ်လာရင်သည် ပြီးခဲ့သည့် ရာသီက အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ၂၈ ပွဲ ပွဲထွက်ခွင့်ရခဲ့ကာ နှစ်ဂိုးသွင်းယူပေးခဲ့သည်။ ပြင်သစ်နောက်ခံကစားသမား ဒီဘူချီဒဏ်ရာရရှိသွားပြီးနောက် အခွင့်အရေးရလာခဲ့သည့် ဘယ်လာရင်သည် ညာနောက်ခံကစားသမားနေရာတွင် နည်းပြအာစင်ဝင်းဂါးစိတ်ကြိုက်ဖြစ်အောင် ကစားနိုင်ခဲ့သည်။

ဘယ်လာရင်သည် ၂၀၁၁ ခုနှစ်က ဘာစီလိုနာအသင်းမှ အာဆင်နယ်သို့ ရောက်ရှိလာသူ ဖြစ်သည်။ အာဆင်နယ်အသင်း၏ အကယ်ဒမီနှင့် လူငယ်အသင်းများတွင်ကစားခဲ့ပြီးနောက် ၂၀၁၃-၁၄ ရာသီတွင် ဝက်ဖို့ဒ်အသင်းသို့ အငှားသွားရောက်ကစားခဲ့သည်။ ထို့နောက် ၂၀၁၄-၁၅ ရာသီတွင် အာဆင်နယ်အသင်း၌ နေရာရလာခဲ့ပြီး အက်ဖ်အေဖလားကို ရယူနိုင်ခဲ့သည်။

ဘယ်လာရင်ကို ကာလရှည်စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း အာဆင်နယ်အသင်း၏ ဝက်ဘ်ဆိုက်နှင့် တရားဝင်တွစ်တာစာမျက်နှာ၌ ဖော်ပြထားသည်။
ဘယ်လာရင်သည် ယခုရာသီတွင် ဒီဘူချီ၊ ကလန်ချမ်ဘာတို့နှင့် ပထမကစားသမားနေရာကို လုရမည်ဖြစ်သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly