ရန်ဘက်ဟောင်းမော်ရင်ဟိုနှင့် လက်ဆွဲနှုတ်ဆက်သွားမည်ဟု အာစင်ဝင်းဂါးပြော

ရန်ဘက်ဟောင်းမော်ရင်ဟိုနှင့် လက်ဆွဲနှုတ်ဆက်သွားမည်ဟု အာစင်ဝင်းဂါးပြော

နိုဝင်ဘာ ၁၈၊ လန်ဒန်။            ။ အိုးထရက်ဖို့ဒ်တွင် ရန်ဘက်ဟောင်းနှစ်ဦးပြန်လည်ဆုံတွေ့ကြမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ မော်ရင်ဟိုကိုလက်ဆွဲနှုတ်ဆက်သွား မည်ဟု အာစင်ဝင်းဂါးက ကတိပြုခဲ့ပြီး မန်ယူနည်းပြသည် ၎င်း၏အာဆင်နယ်အသင်းအပေါ်တွင် စိတ်ပိုင်းဆိုင်ရာအသာရနေ သည်ဆိုခြင်းကို ပယ်ချခဲ့သည်။

မော်ရင်ဟို၏အသင်းများနှင့် ဝင်းဂါး၏အာဆင်နယ်အသင်းကြား ကတောက်ကဆများစွာဖြစ်ခဲ့ပြီး အာစင်ဝင်းဂါးသည် ၂၀၁၅ ကွန်မြူနတီဖလားပွဲတစ်ပွဲတွင်သာ အနိုင်ရဖူးသည့် အစဉ်အလာရှိနေသည်။

မော်ရင်ဟိုနှင့်တွေ့ဆုံရာတွင် တစ်ပွဲနိုင်၊ ခြောက်ပွဲသရေ၊ ရှစ်ပွဲရှုံးခဲ့သော်လည်း ပြင်သစ်လူမျိုးနည်းပြဝင်းဂါးက “ကျွန်တော်တို့ အမြဲမရှုံးခဲ့ပါဘူး။ သူတို့ကိုနိုင်ခဲ့ဖူးပါတယ်။ သရေပွဲတွေလည်း အများကြီးရှိတယ်။ နှစ် ၂၀ အတွင်းမှာ ကမ္ဘာပေါ်ကနည်းပြတိုင်း ကို ကျွန်တော် အနိုင်ရဖူးတယ်။

ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကိုဖော်ပြဖို့ မရှိပါဘူး။ သူ့အသင်းအတွက်သူတိုက်မှာဖြစ်ပြီး ကျွန်တော့်အသင်းအတွက် ကျွန်တော် တိုက်မယ်”ဟု ပြောသည်။

လက်ဆွဲနှုတ်ဆက်မည်လားဆိုသည့်မေးခွန်းကို “ပရီးမီးယားလိဂ်မှာ အရေးကြီးတဲ့အရာကို ကျွန်တော်လေးစားလိုက်နာမှာပါ”ဟု အပြံုးဖြင့်ပြန်လည်ဖြေကြားခဲ့သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags