လီယိုနာဒို က အိမ်ခြေယာခြေမဲ့များအတွက် ရည်ရွယ်ဖွင့်လှစ်ထားသည့် ကော်ဖီဆိုင်အား လည်ပတ်ခဲ့

လီယိုနာဒို က အိမ်ခြေယာခြေမဲ့များအတွက် ရည်ရွယ်ဖွင့်လှစ်ထားသည့် ကော်ဖီဆိုင်အား လည်ပတ်ခဲ့

နာမည်ကျော် ဟောလိ၀ုဒ် ရုပ်ရှင်မင်းသား လီယိုနာဒို ဟာ ပထမဦးဆုံးအကြိမ် စကော့တလန်ကို လာရောက် လည်ပတ်ခဲ့ပြီး မြို့တော် Edinburgh မှာရှိတဲ့ စားသောက်ဆိုင်မှာ သူ့ပရိတ်သတ်တွေကို လက်မှတ်ရေးထိုး ပေးခဲ့ပါတယ်။

အော်စကာဆုရှင်မင်းသား ဟာ Queensferry လမ်းမှာရှိတဲ့ Home ဆိုတဲ့ အိမ်ခြေယာခြေမဲ့တွေအတွက် ရည်ရွယ်ဖွင့်လှစ် ထားတဲ့ ကော်ဖီဆိုင်ကို လည်ပတ်ခဲ့တာဖြစ်ပါတယ်။

ရာနဲ့ချီတဲ့ ပရိတ်သတ်တွေဟာ သူရောက်လာမယ့်အချိန်ကို မိုးရေထဲမှာ နာရီပေါင်းများစွာ ကြာအောင် တန်းစီ စောင့်ဆိုင်းနေခဲ့ကြပါတယ်။

လီယိုနာဒိုဟာ သူ့ ပရိတ်သတ်တစ်ဦးနဲ့ နေ့လည်စာအတူစားဖို့ စီစဉ်ခဲ့ပြီး အဆိုပါ အခွင့်အရေးကို ရရှိခဲ့တဲ့ ၄၅နှစ်အရွယ်ရှိ  Elise Lovell ကတော့ သူမကိုယ်သူမ ထီပေါက်သလို ခံစားခဲ့ရကြောင်းပြောခဲ့ ပါတယ်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags