Mexico တွင် ပြုလုပ်သည့် Adele ၏ ဖျော်ဖြေပွဲ၌ လင်းနို့များ ဝင်ရောက်ရန်ပြု

Mexico တွင် ပြုလုပ်သည့် Adele ၏ ဖျော်ဖြေပွဲ၌ လင်းနို့များ ဝင်ရောက်ရန်ပြု

Adele နဲ့ သူမရဲ့ပရိသတ်အပေါင်းအပါတွေဟာ ဖျော်ဖြေပွဲပြုလုပ်ရာ မက္ကစီကို ပြိုင်ကွင်းကြီးထဲသို့ လင်းနို့များ ဝင်ရောက်လာသောကြောင့် အကာအကွယ်ရှိသို့ ပြေးလွှား ငု့ံရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

Adele ဟာ သူမရဲ့ ပရိတ်သတ်ကို “ ရှင့်ရဲ့ ခေါင်းပေါ်မှာ လင်းနို့နားသွားတယ်၊ ဘုရားရေ တကယ့်လင်းနို့ကြီး ပါလား” လို့ သတိပေးသွားပါသေးတယ်။

Adele ဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ကတည်းက Belfast မြို့မှစတင်ကာ ကမ္ဘာလှည့်ဖျော်ဖြေပွဲပြုလုပ်နေခဲ့ပြီး ယခုအလှည့်ကျရာ မက္ကစီကိုမြို့မှာ ဖျော်ဖြေနေခဲ့တာဖြစ်ပါတယ်။

လင်းနို့များ တောင်ပံတဖျတ်ဖျတ်ခတ်ဝင်ရောက်ပြီး မကြာခင်မှာပဲ ပြန်လည်ပျံသန်း ထွက်ခွာသွားပြီးနောက် ဖျော်ဖြေပွဲဟာ သူ့နဂိုမူလအတိုင်း ပုံမှန်ပြန်ဖြစ်သွားပါတယ်။

ဒါဟာ သူမရဲ့စင်ပေါ်ကို တရိစ္ဆာန်တွေ ဝင်ရောက်တဲ့ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ သြဂုတ်လက Los Angeles မှာပြုလုပ်ခဲ့တဲ့ သူမရဲ့ဖျော်ဖြေပွဲမှာလည်း ပရိသတ်တစ်ယောက်က သူ့ရဲ့ခွေးကို ခေါ်လာပြီး သူမနဲ့ စင်ပေါ်မှာ လာတွေ့ခဲ့ပါသေးတယ်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags